တာချီလိတ်က နေရပ်ပြန် (၂၀၀)ကျော် Quarantine သတ်မှတ်ရက်ပြည့်လို့ အိမ်ပြန်

တာချီလိတ်က နေရပ်ပြန် (၂၀၀)ကျော် Quarantine သတ်မှတ်ရက်ပြည့်လို့ အိမ်ပြန်
ဧပြီ 27, 2020
By Tachileik News Agency
တာချီလိတ်က နေရပ်ပြန် (၂၀၀)ကျော် Quarantine သတ်မှတ်ရက်ပြည့်လို့ အိမ်ပြန်

ထိုင်းနိုင်ငံအတွင်း တရားဝင်သွားရောက် အလုပ် လုပ်ကိုင်ပြီး တာချီလိတ်သို့ ပြန်လည် ရောက်ရှိလာကာ (၂၁)ရက် Facility Quarantine စောင့်ကြည့်ခံထားရတဲ့ နေရပ်ပြန် မြန်မာနိုင်ငံသား (၂၀၅)ဦးဟာ သတ်မှတ် စောင့်ကြည့်ရက်ပြည့်သွားပြီဖြစ်တဲ့ ၂၀၂၀ခုနှစ် ဧပြီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ဒေသအသီးသီးသို့ ပြန်သွားကြပြီဖြစ်ပါတယ်။

အခုလို ပြန်ရန်အတွက် ကားများကို ချိတ်ဆက်ပေးပြီး လမ်းခရီးမှာ စားသောက်နိုင်ရန်အတွက် ထမင်များကို ထည့်ပေးလိုက်တဲ့အပြင် ကျန်းမာရေးထောက်ခံစာကိုလည်း ဆောင်ရွက်ပေးလိုက်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

တာချီလိတ်မြို့ မိုးကုတ်တရားရိပ်သာမှာ ဖွင့်လှစ်ထားတဲ့ facility quarantine centerကို  တာချီလိတ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများနဲ့   မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ အပါအဝင် လူမှုရေးအသင်းအဖွဲ့များနဲ့ Volunteer က   စောင့်ရှောက်ပေးထားတဲ့အခါ အလှူရှင်များက လာရောက်လှူဒါန်းပေးလာတဲ့အခါ တစ်နေ့ကို ကုန်ကျငွေ ကျပ်(၁၀)သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

အခုလို စောင့်ရှောက်ပေးထားမှုအပေါ် မလှိုင်မြို့ ဆယ်တိုမြို့မှာ နေထိုင်တဲ့ ကိုအောင်သူက အခုလို ပြောပါတယ်၊

ဒီနေရပ်ပြန် မြန်မာနိုင်ငံသား (၂၀၀)ကျော်ထဲက ကျန်းမာရေးက (၁၀)ရာခိုင်နှုန်းကို စိစစ်ပြီး ကိုဗစ်နိုင်တီး ရောဂါစစ်ဆေးတဲ့အခါမှာ ပိုးမတွေ့ရကြောင်း သိရပါတယ်။

ဒီနေ့ ပြန်သွားတဲ့ နေရပ်ပြန် မြန်မာနိုင်ငံသား (၂၀၀)ကျော်ထဲမှာ ရှမ်းပြည်နယ်ထဲက အများဆုံးပါဝင်ပြီး သူတို့တွေဟာ ၂၀၂၀ခုနှစ် ဧပြီလ(၆)ရက်နေ့က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားကနေ တာချီလိတ်ကို ဝင်ရောက်လာခဲ့ကြသူများဖြစ်ပါတယ်။

  Tachileik News Agency
သတင်း/တင်ဆက် -   ကိုဇောင်း ( Ko Zaung )


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~