တာချီလိတ်တွင် အသည်းရောင် ဘီနှင့်စီပိုး အခမဲ့ စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း အစီအစဉ်တွင် တပ်မတော်ဆေးကုသရေးအဖွဲ့မှ လာရောက်ကူညီ

တာချီလိတ်တွင် အသည်းရောင် ဘီနှင့်စီပိုး အခမဲ့ စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း အစီအစဉ်တွင် တပ်မတော်ဆေးကုသရေးအဖွဲ့မှ လာရောက်ကူညီ
အောက်တိုဘာ 21, 2019
By 🌸
တာချီလိတ်တွင် အသည်းရောင် ဘီနှင့်စီပိုး အခမဲ့ စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း အစီအစဉ်တွင် တပ်မတော်ဆေးကုသရေးအဖွဲ့မှ လာရောက်ကူညီ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နှင့် (၂၂)ရက်နေ့များ၌ အသည်းရောင်ဘီပိုး၊ စီပိုး အခမဲ့စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို ဆောင်ရွက်နေရာတွင် ကျိုင်းတုံမြို့ ကုတင် (၃၀၀) ဆံ့ တပ်မတော်ဆေးရုံမှ ကုသရေးအဖွဲ့ကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးနေသည်။

တာချီလိတ် မဟာမြတ်မုနိကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သည့်အနေဖြင့် ရန်ကုန်မြို့အခြေစိုက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ) က အသည်းရောင် ဘီပိုး၊ စီပိုးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူဦးရေ (၅၀၀)အတွက် အခမဲ့လာရောက်ဆောင်ရွက်ပေးရာတွင် ဒေသခံအလှူရှင်များက ထပ်မံလှူဒါန်းသဖြင့် လူဦးရေ (၁၀၀၀)အထိ အခမဲ့စစ်ဆေးပေးသွားမည်ဖြစ်သည်။

"နယ်လှည့်ဆေးကုပေးတာ (၄) ကြိမ်ရှိပြီ။ အခုလိုကြီးကြီးမားမားကုပေးတာက ပန်ကွဲတောင်နဲ့ တာချီလိတ် (၂) ကြိမ်ပေါ့။ အသည်းရောင်ဘီပိုး၊ စီပိုး ပိုးစစ်ဆေးပေးတာပါ"ဟု ကျိုင်းတုံမြို့ ကုတင် (၃၀၀) ဆံ့ တပ်မတော်ဆေးရုံမှ အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ ကုတင် (၃၀၀) ဆံ့ တပ်မတော်ဆေးရုံမှ ဆရာဝန် (၈) ဦးနှင့် သူနာပြု (၈) ဦးတို့ပါဝင်သည့်အဖွဲ့က အသည်းရောင်ဘီပိုး၊ စီပိုး စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်းများကိုကူညီဆောင်ရွက်ပေးနေပြီး (၂၁) ရက်နေ့ နေ့လယ် (၁၂) နာရီအထိ လူနာ (၂၅၀) ကို သွေးစစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အသည်းရောင် ဘီပိုး၊ စီပိုးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးရာတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီအသင်းတို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

ရန်ကုန်မြို့အခြေစိုက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ) က အသည်းရောင် ဘီပိုး၊ စီပိုးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူဦးရေ (၅၀၀)အတွက် လှူဒါန်းပြီး နောက်ထပ်လူဦးရေ (၅၀၀)အတွက် ကာကွယ်ဆေးများကို ဝစီပိတ်ဆရာတော်၊ ဦးတင်လှိုင်နှင့် ဦးစိုင်းပွတ်တို့က လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဝစီပိတ်ဆရာတော်၊ ဦးချစ်ထူ၊ ဦးထွန်းနေဦး၊ ဦးအားမဲ၊ ဦးလောတာ၊ ဦးအားပြာ၊ ဦးအားရင်၊ ဦးဝီလ်ဆင်မိုး၊ ဦးစိုင်းပွတ်၊ ဦးဇော်မြင့်၊ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအဖွဲ့တို့က ရန်ကုန်မြို့အခြေစိုက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ)အတွက် အလှူငွေ ကျပ် (၁၁၅) သိန်းကိုလည်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -ဟန်စိုးထိုက်၊ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္တြင္ အသည္းေရာင္ ဘီႏွင့္စီပိုး အခမဲ့ စစ္ေဆးျခင္း၊ ကာကြယ္ေဆးထိုးေပးျခင္း အစီအစဥ္တြင္ တပ္မေတာ္ေဆးကုသေရးအဖြဲ႕မွ လာေရာက္ကူညီ

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁)ရက္ႏွင့္ (၂၂)ရက္ေန႔မ်ား၌ အသည္းေရာင္ဘီပိုး၊ စီပိုး အခမဲ့စစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆးထုိးျခင္းကို ေဆာင္ရြက္ေနရာတြင္ က်ိဳင္းတံုၿမိဳ႕ ကုတင္ (၃၀၀) ဆံ့ တပ္မေတာ္ေဆးရံုမွ ကုသေရးအဖြဲ႕ကလည္း ပူးေပါင္းကူညီေဆာင္ရြက္ေပးေနသည္။

တာခ်ီလိတ္ မဟာျမတ္မုနိေက်ာင္းတုိက္ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကို ပူေဇာ္သည့္အေနျဖင့္ ရန္ကုန္ၿမိဳ႕အေျခစိုက္ အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါ ေဖာင္ေဒးရွင္း(ျမန္မာ) က အသည္းေရာင္ ဘီပိုး၊ စီပိုးစစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆး ထိုးႏွံေပးျခင္းကို လူဦးေရ (၅၀၀)အတြက္ အခမဲ့လာေရာက္ေဆာင္ရြက္ေပးရာတြင္ ေဒသခံအလွဴရွင္မ်ားက ထပ္မံလွဴဒါန္းသျဖင့္ လူဦးေရ (၁၀၀၀)အထိ အခမဲ့စစ္ေဆးေပးသြားမည္ျဖစ္သည္။

"နယ္လွည့္ေဆးကုေပးတာ (၄) ႀကိမ္ရိွၿပီ။ အခုလိုႀကီးႀကီးမားမားကုေပးတာက ပန္ကြဲေတာင္နဲ႔ တာခ်ီလိတ္ (၂) ႀကိမ္ေပါ့။ အသည္းေရာင္ဘီပိုး၊ စီပိုး ပိုးစစ္ေဆးေပးတာပါ"ဟု က်ိဳင္းတံုၿမိဳ႕ ကုတင္ (၃၀၀) ဆံ့ တပ္မေတာ္ေဆးရံုမွ အရာရိွတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕ ကုတင္ (၃၀၀) ဆံ့ တပ္မေတာ္ေဆးရံုမွ ဆရာဝန္ (၈) ဦးႏွင့္ သူနာျပဳ (၈) ဦးတို႔ပါဝင္သည့္အဖြဲ႕က အသည္းေရာင္ဘီပိုး၊ စီပိုး စစ္ေဆးေပးျခင္း၊ ကာကြယ္ေဆးထိုးေပးျခင္းမ်ားကိုကူညီေဆာင္ရြက္ေပးေနၿပီး (၂၁) ရက္ေန႔ ေန႔လယ္ (၁၂) နာရီအထိ လူနာ (၂၅၀) ကို ေသြးစစ္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

အသည္းေရာင္ ဘီပိုး၊ စီပိုးစစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆး ထိုးႏွံေပးရာတြင္ အဆင္ေျပစြာ ေဆာင္ရြက္ႏုိင္ေရးအတြက္ ခရို္င္ႏွင့္ ၿမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာမ်ား၊ ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ ၾကက္ေျခနီအသင္းတုိ႔က လိုအပ္သည္မ်ား ကူညီေဆာင္ရြက္ေပးေနသည္ကို ေတြ႔ရသည္။

ရန္ကုန္ၿမိဳ႕အေျခစိုက္ အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါ ေဖာင္ေဒးရွင္း(ျမန္မာ) က အသည္းေရာင္ ဘီပိုး၊ စီပိုးစစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆး ထိုးႏွံေပးျခင္းကို လူဦးေရ (၅၀၀)အတြက္ လွဴဒါန္းၿပီး ေနာက္ထပ္လူဦးေရ (၅၀၀)အတြက္ ကာကြယ္ေဆးမ်ားကို ဝစီပိတ္ဆရာေတာ္၊ ဦးတင္လိႈင္ႏွင့္ ဦးစိုင္းပြတ္တို႔က လွဴဒါန္းခဲ့ျခင္းျဖစ္သည္။

၀စီပိတ္ဆရာေတာ္၊ ဦးခ်စ္ထူ၊ ဦးထြန္းေနဦး၊ ဦးအားမဲ၊ ဦးေလာတာ၊ ဦးအားျပာ၊ ဦးအားရင္၊ ဦးဝီလ္ဆင္မိုး၊ ဦးစိုင္းပြတ္၊ ဦးေဇာ္ျမင့္၊ ကိုးကန္႔လူမႈဖြံ႕ၿဖိဳးေရးအဖြဲ႕တို႔က ရန္ကုန္ၿမိဳ႕အေျခစိုက္ အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါ ေဖာင္ေဒးရွင္း(ျမန္မာ)အတြက္ အလွဴေငြ က်ပ္ (၁၁၅) သိန္းကိုလည္း လွဴဒါန္းခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု -ဟန္စိုးထုိက္၊ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net