ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံတွင် မျက်စိအခမဲ့ ခွဲစိပ်ကုသပေးမည့် အစီအစဉ်သို့ ရှမ်း(အရှေ့)မှ လာရောက်ကုသနိုင်ပြီး မိုင်းယောင်းမြို့မှ ဝေဒနာရှင်များလည်း နယ်မြေခံတပ်များတွင် စာရင်းပေးနိုင်

ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံတွင် မျက်စိအခမဲ့ ခွဲစိပ်ကုသပေးမည့် အစီအစဉ်သို့ ရှမ်း(အရှေ့)မှ လာရောက်ကုသနိုင်ပြီး မိုင်းယောင်းမြို့မှ ဝေဒနာရှင်များလည်း နယ်မြေခံတပ်များတွင် စာရင်းပေးနိုင်
ဖေဖော်ဝါရီ 24, 2020
By Tachileik News Agency
ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံတွင် မျက်စိအခမဲ့ ခွဲစိပ်ကုသပေးမည့် အစီအစဉ်သို့  ရှမ်း(အရှေ့)မှ လာရောက်ကုသနိုင်ပြီး မိုင်းယောင်းမြို့မှ ဝေဒနာရှင်များလည်း နယ်မြေခံတပ်များတွင် စာရင်းပေးနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒသနာရှင်များအနေဖြင့် အခမဲ့ မျက်စိခွဲစိပ်ကုသမှု ခံယူလိုပါက မိုင်းယောင်းမြို့နယ်အတွင်း တပ်နယ်မှူးရုံး၊ အမှတ်(၃၃၄)ခြေမြန်တပ်ရင်း နှင့် နီးစပ်ရာ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များတွင် လာရောက်စာရင်းပေးနိုင်ကြောင်း သိရသည်။

သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့်  ဘယ်လ်ဂျီယံနိုင်ငံမှ အထူးကုဆရာဝန်များအဖွဲ့ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းမှ မျက်စိဝေဒနာရှင်များအား ကျိုင်းတုံမြို့ရှိ အမှတ်(၃)တပ်မတော်ဆေးရုံ (ခုတင်-၃၀၀)တွင် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၉)ရက်နေ့မှ မတ်လ (၃)ရက်နေ့ အထိ အခမဲ့ ကုသပေးသွားမည့်အပြင် လာရောက်ကုသမည့် ဝေဒနာရှင်များအတွက် တည်းခိုနေထိုင် စားသောက်ရေးကိုလည်း တပ်မတော်ဆေးရုံက စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာရောက်ကုသခံမည့် ဝေဒနာရှင်များအား ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှ မတ်လ(၂)ရက်နေ့အထိ စမ်းသပ်မှုများ ဆောင်ရွက်မည်ဖြစ်ပြီး ခွဲစိပ်ကုသမှုအား ဖေဖော်ဝါရီလ(၂၉)ရက်နေ့မှ မတ်လ(၃)ရက်နေ့အထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ခွဲစိပ်ကုသမှု ခံယူလိုသူများ အနေဖြင့် ဦးအောင်အောင်စိုးထိုက် ( ၀၉၅၀၄၇၇၈၇ )၊ ဦးဖြိုးကိုအောင် ( ၀၉၆၉၄၈၄၃၂၈၃ )၊ ဦးစိုးလွင် ( ၀၉၂၅၆၄၅၁၁၂၂ ) နှင့် ဦးအေးမင်းထွန်း ( ၀၉၅၄၀၅၈၃၃ )သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း သိရသည်။

အသက်အရွယ်ကြီးရင့်၍ မျက်စိအမြင် အာရုံချို့တဲ့နေသော အတွင်းတိမ်လူနာများကိုလည်း ခွဲစိတ်ကာ မှန်ဘီလူးအစားထိုး ကုသပေးသွားမည်ဖြစ်သည့်အတွက် မည်သည့်ဒေသမဆို လူမျိုးဘာသာမရွေး အခမဲ့သွားရောက် ကုသနိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - စိုင်းအောင်ဇော်လင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~