ကျောက်မဲမြို့နယ်အတွင်း ထပ်တိုးလာသည့် COVID 19 အတည်ပြုလူနာ (၆)ဦးတွင် ကိုယ်ဝန်ဆောင်တစ်ဦး ပါဝင်

ကျောက်မဲမြို့နယ်အတွင်း ထပ်တိုးလာသည့် COVID 19 အတည်ပြုလူနာ (၆)ဦးတွင် ကိုယ်ဝန်ဆောင်တစ်ဦး ပါဝင်
ဇူလိုင် 18, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ယနေ့  ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၌ ထပ်တိုးသည့် အတည်ပြုလူနာ (၆) ဦးထပ်တိုးရာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး (၁) ဦးနှင့် နားအိုက်ခန့်ရွာမှ ပထမဆုံး အတည်ပြုလူနာ(၁) ဦးတို့ ပါဝင်လာသည်။

ယနေ့ထပ်တိုးသည့် အတည်ပြုလူနာများတွင် ကျောက်မဲမြို့ အမှတ် (၇) ရပ်ကွက် နယ်မြေ (၁)မှ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁) ဦး၊  မန်နားရပ်မှ အသက် (၆၃)နှစ်အရွယ် အမျိုးသမီး (၁) ဦး၊ နောင်ပိန်ကျေးရွာမှ (၃) ဦးနှင့် နားအိုက်ခန့်ကျေးရွာမှ (၁) ဦး ပါဝင်သည်ဟု သိရသည်။

ဇူလိုင်လ (၁၈) ရက်နေ့ညပိုင်းထိ ကျောက်မဲမြို့နယ်အတွင်း COVID 19 အတည်ပြုလူနာ စုစုပေါင်း (၂၆၄) ဦးတွေ့ရသည့်အနက် ဆေးရုံဆင်းခွင့်ရသူ (၇၆) ဦး၊ သေဆုံးသူ (၈)ဦးရှိပြီဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း လက်ရှိအချိန်ထိ COVID 19 အတည်ပြုလူနာများကို ကျောက်မဲမြို့ပေါ်နှင့်နောင်ပိန်ကျေးရွာတို့တွင် အများဆုံးတွေ့ထားပြီး နားအိုက်ခန့်ကျေးရွာတွင် ယနေ့စတင်တွေ့ရှိလာခြင်းဖြစ်သည်။