တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမ (၅)ခုတြင္ တပ္မေတာ္၏ စစ္ေရးဆုိင္ရာလႈပ္ရွားမႈရပ္ဆုိင္းျခင္းကာလ သက္တမ္း ထပ္တိုး

တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမ (၅)ခုတြင္ တပ္မေတာ္၏ စစ္ေရးဆုိင္ရာလႈပ္ရွားမႈရပ္ဆုိင္းျခင္းကာလ သက္တမ္း ထပ္တိုး
သြဂုတ် 31, 2019
By Tachileik News Agency
တပ္မေတာ္က စစ္ဌာနခ်ဳပ္နယ္ေျမ (၅)ခုတြင္ စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ား ရပ္ဆုိင္းထားျခင္းကို ၂၀၁၉ ခုနွစ္၊ စက္တင္ဘာလ (၂၁)ရက္ေန႔အထိ သက္တမ္းထပ္တိုးလုိက္သည္။

ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ပုိင္းတုိင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္နယ္ေျမ ႏွင့္ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၁) ရက္ေန႔မွ စ၍  စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ား ရပ္ဆုိင္းထားျခင္းျဖစ္သည္။

အဆုိပါ စစ္ဌာနခ်ဳပ္နယ္ေျမမ်ားတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၁) ရက္ေန႔မွ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃၀) ရက္ေန႔အထိ၊ ၂၀၁၉ ခုႏွစ္ ေမလ (၁) ရက္ေန႔မွ ဇြန္လ (၃၀) ရက္ေန႔အထိ၊ ဇူလိုင္လ (၁) ရက္ေန႔မွ ၾသဂုတ္လ (၃၁) ရက္ေန႔အထိ တပ္မေတာ္၏ စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ားကို ရပ္ဆုိင္းခဲ့ျခင္းျဖစ္သည္။

၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၃၁)ရက္ေန႔တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုၿမိဳ႕တြင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္ ႏွင့္ ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႔မ်ားျဖစ္သည့္ KIO/KI ၊ MNTJP/ MNDAA ၊ PSLF/TNLA ၊ ULA/AA တို႔ႏွင့္ ေတြ႔ဆံုေဆြးေႏြးမႈမ်ားအၿပီး ၾသဂုတ္လ(၃၁)ရက္ေန႔ ည(၆)နာရီအခ်ိန္က ယင္းသို႔ တိုးျမႇင့္ေပးလိုက္ျခင္းျဖစ္ေၾကာင္း တပ္မေတာ္က ထုတ္ျပန္ေၾကျငာထားျခင္း ျဖစ္သည္။

Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~

တပ်မတော်က စစ်ဌာနချုပ်နယ်မြေ (၅)ခုတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းထားခြင်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့အထိ သက်တမ်းထပ်တိုးလိုက်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့မှ စ၍ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းထားခြင်းဖြစ်သည်။

အဆိုပါ စစ်ဌာနချုပ်နယ်မြေများတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့အထိ၊ ၂၀၁၉ ခုနှစ် မေလ (၁) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အထိ၊ ဇူလိုင်လ (၁) ရက်နေ့မှ သြဂုတ်လ (၃၁) ရက်နေ့အထိ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၉ခုနှစ် သြဂုတ်လ(၃၁)ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် KIO/KI၊ MNTJP/ MNDAA၊ PSLF/TNLA၊ ULA/AA တို့နှင့် တွေ့ဆုံဆွေးနွေးမှုများအပြီး သြဂုတ်လ(၃၁)ရက်နေ့ ည(၆)နာရီအချိန်က ယင်းသို့ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ကြငြောထားခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net