ကျောက်မဲမြို့ရှိ စားသောက်ဆိုင်တွင် အတည်ပြုလူနာ ထမင်းစားခဲ့၍ ဆိုင်ရှိလူအားလုံးကို Quarantine သတ်မှတ်ထားပြီး ဓာတ်ခွဲနမူနာရယူ

ကျောက်မဲမြို့ရှိ စားသောက်ဆိုင်တွင် အတည်ပြုလူနာ ထမင်းစားခဲ့၍ ဆိုင်ရှိလူအားလုံးကို Quarantine သတ်မှတ်ထားပြီး ဓာတ်ခွဲနမူနာရယူ
စက်တင်ဘာ 12, 2020
By Tachileik News Agency
ကျောက်မဲမြို့ရှိ စားသောက်ဆိုင်တွင် အတည်ပြုလူနာ  ထမင်းစားခဲ့၍  ဆိုင်ရှိလူအားလုံးကို Quarantine သတ်မှတ်ထားပြီး ဓာတ်ခွဲနမူနာရယူ  
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၊ ပန်ပေါင်းရပ်ရှိ ခရီးသည်တင်ကားများ ရပ်နားသော စားသောက်ဆိုင်တန်းဖြစ်သည့် နှင်းတောင်တန်း (၂) စားသောက်ဆိုင်တွင် Covid-19 ရောဂါပိုးတွေ့ရှိသူ လူနာ အမှတ် (၁၉၇၅) တစ်ထောက်နားခဲ့၍ ဆိုင်ရှိနေထိုင်သူများကို  ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့က Home Quarantine ထားရှိပြီး ဓာတ်ခွဲနမူနာ ရယူထားကြောင်း သိရသည်။
“အဲဒီဆိုင်က စုစုပေါင်း (၁၅) ဦးကို တို့ဖတ်နမူနာတွေယူထားပြီး ဓါတ်ခွဲအဖြေရယူဖို့ ပို့ထားပါတယ်။ အဲဒီ စားသောက်ဆိုင်က လူတွေကိုလည်း သူတို့ဆိုင်မှာပဲ အသွားအလာ ကန့်သတ်ထားပါတယ်။ ဆိုင်ကိုလည်း ယာယီ ပိတ်ထားတယ်။ သူတို့ (၁၅) ဦး အပါအဝင် ကျောက်မဲကနေ ဓါတ်ခွဲအဖြေစောင့်ဆိုင်းရမှာ စုစုပေါင်း (၄၃) ဦး ရှိတယ်”ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုခရိုင်ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၁၂) ရက်နေ့တွင် ပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် အသွားအလာ ကန့်သတ်ထားရှိသူ ပိုးတွေ့လူနာအမှတ် (၁၉၇၅) ၏ ခရီးသွားရာဇဝင်တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့က  ကျောက်မဲရှိ နှင်းတောင်တန်း( ၂ ) စားသောက်ဆိုင်၌ ဝင်ရောက်စားသောက်ခဲ့ကြောင်း သိရသဖြင့် စက်တင်ဘာလ (၁၁) ရက်တွင် အဆိုပါ စားသောက်ဆိုင်ရှိ လူအားလုံးကို အသွားအလာကန့်သတ်ကာ ဓာတ်ခွဲနမူနာရယူထားခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်မဲတွင် ကျန်းမာရေးဝန်ထမ်း( ၃ )ဦးစီ ပါဝင်သည့် Swab Team (ဓာတ်ခွဲနမူနာရယူသည့်) အဖွဲ့ ( ၅ ) ဖွဲ့ကို ခရိုင်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးက ဖွဲ့စည်းပေးထားပြီး Swab ယူဆောင်ထားခံရသူများ၏ ဓါတ်ခွဲအဖြေ မထွက်မခြင်း Swab ရယူပေးခဲ့သောအဖွဲ့ကို အသွားအလာကန့်သတ်သည့်စနစ်ကို ကျင့်သုံးလျှက်ရှိသည်ဟု သိရသည်။
ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရေးအတွက် ကျောက်မဲသို့ ဝင်ရောက်မည့် လမ်းများအနက် ကျန်းမာရေး စစ်ဆေးမှုစင်တာထားရှိသော ပင်လုံလမ်းမကြီးတစ်ခုကိုသာ ဖွင့်ထားပြီး ရောဂါကူးစက်မှု မြင့်မားသော ဒေသမှပြန်လာသူများအားလုံး မိမိစရိတ်ဖြင့် facility quarantine ထားရှိခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~