မင်းသားကြီး အမီတာဘဂျမ်းနှင့် သားဖြစ်သူ၏ မိသားစု (၃)ဦးတို့တွင် COVID 19 ကူးစက်ခံထားရသော်လည်း အခြေအနေ စိုးရိမ်ဖွယ်မရှိ

မင်းသားကြီး အမီတာဘဂျမ်းနှင့် သားဖြစ်သူ၏ မိသားစု (၃)ဦးတို့တွင် COVID 19 ကူးစက်ခံထားရသော်လည်း အခြေအနေ စိုးရိမ်ဖွယ်မရှိ
ဇူလိုင် 12, 2020
By Tachileik News Agency

မင်းသားကြီး အမီတာဘဂျမ်းနှင့် သားဖြစ်သူ၏ မိသားစု (၃)ဦးတို့တွင် COVID 19 ကူးစက်ခံထားရသော်လည်း အခြေအနေ စိုးရိမ်ဖွယ်မရှိ

အိန္ဒိယမှ ဘောလီးဝုဒ်အကျော်အမော် မင်းသားကြီး အမီတာဘဂျမ်းအပြင် ၎င်း၏ သားဖြစ်သူ မင်းသား အဘီရှက်ဘဂျမ်းတို့မိသားစု (၃)ဦးတွင်လည်း  COVID-19 ကူးစက်ခံထားကြောင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့၌ အတည်ပြုထားသည်။

အသက် (၇၇)နှစ်အရွယ် ရှိနေပြီဖြစ်သည့် မင်းသားကြီး အမီတာဘဂျမ်းနှင့် အသက် (၄၄)နှစ်အရွယ် သားဖြစ်သူ မင်းသား အဘီရှက်ဘဂျမ်းတို့ နှစ်ဦးလုံးမှာ COVID 19 ရောဂါလက္ခဏာပြင်းပြင်းထန်ထန် ခံစားရခြင်းမရှိဘဲ မွမ်ဘိုင်းမြို့ရှိ ဆေးရုံသီးသန့်ခန်းတွင် ကုသမှုခံယူနေကြကြောင်း သိရသည်။

မင်းသား အဘီရှက်ဘဂျမ်း၏ ဇနီးဖြစ်သူ (၄၆)နှစ်အရွယ် မင်းသမီး အက်ရှ်ဝါရာရိုင်းဘဂျမ်းနှင့် သမီးဖြစ်သူ (၈)နှစ်အရွယ် အာရာဒရာဘဂျမ်းတို့မှာ ရောဂါလက္ခဏာများ ပြသခြင်းမရှိကြောင်း သိရပြီး နေထိုင်တွင် သီးသန့်နေထိုင် ကုသမှုခံယူမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဘဂျမ်းမိသားစု နေထိုင်ရာနေအိမ်များနှင့် ဝန်းကျင်ကို ကန့်သတ်ထားပြီး မိသားစုဝင်များ၊ နေအိမ်ဝန်ထမ်းများအပါအဝင် အနီးကပ်ထိတွေ့သူများအား COVID 19 စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့အထိ COVID 19 ကူးစက်ခံရသူအရေအတွက်မှာ တစ်ကမ္ဘာလုံးတွင် စုစုပေါင်း (၁၂,၇၄၅,၇၃၄) ရှိသည့်အနက် အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ (၈၄၉,၅၅၃)ဖြင့် ကူးစက်ခံရသူအများဆုံး တတိယအဆင့်တွင် ရှိနေကြောင်း Johns Hopkins University & Medicine ၏ စာရင်းအရ သိရသည်။

Tachileik News Agency
Source: hindustantimes


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~