COVID 19 နှင့်ပတ်သက်၍ အကူအညီလိုအပ်သူများအတွက် Blue Ocean က COVID-19 Call Center ဖွင့်လှစ်

COVID 19 နှင့်ပတ်သက်၍ အကူအညီလိုအပ်သူများအတွက် Blue Ocean က COVID-19 Call Center ဖွင့်လှစ်
ဇူလိုင် 17, 2021 | Covid-19

 

COVID-19 တတိယလှိုင်းအတွင်း ကုသမှုလုံလောက်စွာမရကြသည့် ပြည်သူများအတွက် Oxygen ရရှိနိုင်မယ့်နေရာများ၊ လူနာတင်ယာဉ်ခေါ်ဆိုနိုင်မယ့်ဖုန်းနံပါတ်များ၊ ဆေးဝါးမှာယူနိုင်မယ့်နေရာများ ၊ COVID-19 ရောဂါနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်များ၊ ကာကွယ်နိုင်မယ့်နည်းလမ်းများအခမဲ့ နားဆင်နိုင်မည့် COVID-19 Call Center ကို Blue Ocean Operating Management က လုပ်ဆောင်နေပြီဟု သိရသည်။

COVID-19 Call Center Hotline များအဖြစ်

☎️ 2019 (MPT, Telenor, Ooredoo, Mytel )

☎️ 1876(MPT)

☎️ 1877 (MPT)

☎️ 8875 (Ooredoo , Telenor , Mytel)

☎️ 8877 (Telenor, Ooredoo)

 တို့ကို ဖွင့်လှစ်ပေးထားပြီး သက်ဆိုင်ရာအကြောင်းအရာအလိုက် Hotline လိုင်းခွဲများကို ခေါ်ဆိုနိုင်မည်ဖြစ်သည်။

 Oxygen ရရှိနိုင်မည့် နေရာများအားသိရှိလိုပါက နံပါတ် ၁ ကိုနှိပ်ရန်၊ Covid 19 Positive ဖြစ်ပြီး Oxygen မရရှိသေးချိန် ခန္ဓာကိုယ်အတွင်း Oxygen Level ပြန်တက်လာအောင် ပြုလုပ်နိုင်မည့်နည်းလမ်းများအကြောင်း သိရှိလိုပါက နံပါတ် ၂ ကိုနှိပ်ရန်၊ အရေးပေါ်လူနာတင်ယာဉ်ခေါ်ဆိုနိုင်သော ဖုန်းနံပါတ်များသိရှိလိုပါက နံပါတ် ၃ ကိုနှိပ်ရန်၊ ဆေးဝါးများမှာယူရရှိနိုင်မည့်နေရာများအား သိရှိလိုခြင်း၊ ရောဂါဖြစ်ပွားနိုင်ခြေရှိသည့် လက္ခဏာ များအားသိရှိလိခြင်းတို့အတွက် နံပါတ် ၄ ကိုနှိပ်ရန်၊ ကူးစက်နိုင်သောနည်းလမ်းများအကြောင်းသိရှိလိုပါက နံပါတ် ၅ ကိုနှိပ်ရန်၊ ကာကွယ်နိုင်သောနည်းလမ်းများအကြောင်းသိရှိလိုပါက နံပါတ် ၆ ကိုနှိပ်ရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency