မိုင်းယန်းမြို့ပေါ် ရပ်ကွက်(၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စုများအတွင်း မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် တစ်အိမ်တက်ဆင်းစနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးကာ ကောက်ယူ

မိုင်းယန်းမြို့ပေါ် ရပ်ကွက်(၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စုများအတွင်း မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် တစ်အိမ်တက်ဆင်းစနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးကာ ကောက်ယူ
သြဂုတ် 20, 2020
By Tachileik News Agency
မိုင်းယန်းမြို့ပေါ် ရပ်ကွက်(၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စုများအတွင်း မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက်    တစ်အိမ်တက်ဆင်းစနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးကာ ကောက်ယူ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း စနစ်ဖြင့် ကွင်းဆင်းကာ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်နေရာ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင်း ရပ်ကွက်နှင့်ကျေးရွာများတွင် ဩဂုတ်လ(၁၉)ရက်နေ့က စ၍ လုပ်ဆောင်နေကြောင်း သိရသည်။

မိုင်းယန်းမြို့ပေါ် ရပ်ကွက်(၁၁)ရပ်ကွက် နှင့် မြို့နယ်အတွင်းရှိကျေးရွာအုပ်စုများသို့ မိုင်းယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက် နှင့် ဒုမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးညွှန့်ဆန်းထွန်း အပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ရပ်မိရပ်ဖများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

မြို့ပေါ်(၁၁)ရပ်ကွက် နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများအသီးသီးသို့ အုပ်စုလိုက် အဖွဲ့များ ခွဲကာ  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ လွှဲမှားမှုမရှိစေရေးအတွက် အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စိစစ်ခြင်းများဆောင်ရွက်‌ပေးနေသည့်အတွက် ပြည်သူများအနေဖြင့်လည်း ပါဝင်ကူညီရန် မေတ္တာရပ်ခံထားရှိသည်။
 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း အသက်(၁၈)နှစ်ပြည့်ပြီးသည့် မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ၂၀၂၀ခုနှစ် ဇူလိုင်လ(၂၅)ရက်နေ့မှ ဩဂုတ်လ(၁၄)ရက်အထိ ကပ်ထားကြေညာခဲ့ပြီးဖြစ်သော်လည်း လာရောက်မကြည့်သူများလည်း ရှိသည့်အတွက် တစ်အိမ်တက်ဆင်း စနစ်ဖြင့် အိမ်တိုင်ရာရောက် ဆောင်ရွက်ရာ မဲဆန္ဒရှင်စာရင်း တိုးလာမှုများ ရှိကြောင်းလည်း သိရှိရသည်။
 
Tachileik News Agency
သတင်း/ဓါတ်ပုံ - မသီတာ

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~