စစ်တွေနှင့် မြောက်ဦးမြို့နယ်အတွင်း COVID-19 အတည်ပြုလူနာ တစ်ရက်တည်း (၂၀)ဦး ထပ်တိုး၍ ရခိုင်တွင် ပြည်တွင်းကူးစက်မှုအဖြစ် တွေ့ရသည့်လူနာ (၂၉)ဦးအထိ တိုးလာ

စစ်တွေနှင့် မြောက်ဦးမြို့နယ်အတွင်း COVID-19 အတည်ပြုလူနာ တစ်ရက်တည်း (၂၀)ဦး ထပ်တိုး၍ ရခိုင်တွင် ပြည်တွင်းကူးစက်မှုအဖြစ် တွေ့ရသည့်လူနာ (၂၉)ဦးအထိ တိုးလာ
သြဂုတ် 21, 2020
By Tachileik News Agency
စစ်တွေနှင့် မြောက်ဦးမြို့နယ်အတွင်း   COVID-19 အတည်ပြုလူနာ   တစ်ရက်တည်း (၂၀)ဦး ထပ်တိုး၍ ရခိုင်တွင် ပြည်တွင်းကူးစက်မှုအဖြစ် တွေ့ရသည့်လူနာ (၂၉)ဦးအထိ တိုးလာ
အတည်ပြုလူနာနှင့်ထိတွေ့၍ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မြောက်ဦးမြို့တို့တွင်  အသွားအလာကန့်သတ်ထားသူ (၁၆)ဦးနှင့် အတည်ပြုလူနာနှင့် ထိတွေ့ခြင်းမရှိသူ (၄)ဦးတို့တွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်း ထုတ်ပြန်ချက်အရ သိရသဖြင့် ရခိုင်ပြည်နယ်အတွင်း ပြည်တွင်း ကူးစက်မှုအဖြစ် တွေ့ရသည့်လူနာ (၂၉) ဦးရှိလာပြီဖြစ်သည်။
သြဂုတ်လ (၂၁)ရက်နေ့ နံနက်ပိုင်း၌ COVID 19 ပိုးတွေ့ရကြောင်း ဓာတ်ခွဲအဖြေရသည့် လူနာ (၁၀)ဦးမှာ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများဖြစ်ပြီး ညနေပိုင်း ဓာတ်ခွဲအဖြေအရ တွေ့ရသည့် လူနာ (၁၀)ဦးအနက် (၆)ဦးမှာ အတည်ပြုလူနာနှင့် ထိတွေ့သူများဖြစ်ပြီး ကျန် (၄)ဦးမှာ အတည်ပြုလူနာနှင့် ထိတွေ့ခြင်း မရှိသူများဖြစ်ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာတွင် COVID 19 ကူးစက်မှုအမြင့်ဆုံး အဆင့် (၁၆) တွင်ရှိနေပြီး သြဂုတ်လ (၂၁)ရက်နေ့အထိ စာရင်းအရ ကူးစက်ခံထားရသူ စုစုပေါင်း (၂)သိန်းကျော်ရှိနေခြင်းဖြစ်ကြောင်း Johns Hopkins University ၏ စာရင်းအရ သိရသည်။
ပြည်တွင်းကူးစက်မှုများရှိနေ၍ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကို သြဂုတ်လ (၂၀)ရက်နေ့ ည(၈)နာရီမှစ၍ Stay at Home အမိန့်စတင်ထုတ်ပြန်ထားခြင်းဖြစ်ပြီး ရန်ကုန်နှင့် ကျိုင်းတုံတို့တွင် စစ်တွေမှ လာရောက်သူများအား quarantine ထားရှိမည်ဟု ထုတ်ပြန်ထားကြသည်။
 
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~