တောင်အာဖရိကတွင် COVID-19 ပဥ္စမလှိုင်း   စတင်ကြုံတွေ့နေရခြင်း ဖြစ်နိုင်ဟုဆို

တောင်အာဖရိကတွင် COVID-19 ပဥ္စမလှိုင်း   စတင်ကြုံတွေ့နေရခြင်း ဖြစ်နိုင်ဟုဆို
By Mr John

တောင်အာဖရိကနိုင်ငံတွင် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲ BA.4 နှင် BA.5 တို့ကြောင့် လွန်ခဲ့သည့် (၁၄) ရက်အတွင်း ကူးစက်မှုများ ဆက်တိုက်မြင့်တက်နေခဲ့ရာ COVID-19 ပဥ္စမလှိုင်းကို ခန့်မှန်းထားချိန်ထက်စောပြီး ကြုံတွေ့နေရခြင်းဖြစ်နိုင်ကြောင်း ကျန်းမာရေးအရာရှိများနှင့် သိပ္ပံပညာရှင်များက ဧပြီ (၂၉) ရက်တွင် ပြောသည်။

တောင်အာဖရိသည် အာဖရိကတိုက်တွင် COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး ဇန်နဝါရီလဝန်းကျင်က စတုတ္တလှိုင်းကူးစက်မှု ကြုံခဲ့ရသည်။



COVID-19 ပဥ္စမလှိုင်းကို ကမ္ဘာ့တောင်ဘက်ခြမ်း ဆောင်းရာသီအတွင်း မေလ သို့မဟုတ် ဇွန်လတွင် စတင်ကြုံရနိုင်ကြောင်း ခန့်မှန်းထားခဲ့သည်ဟု ဆိုသည်။

တောင်အာဖရိက ကျန်းမာရေးဝန်ကြီး Joe Phaahla ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှုအရ ဆေးရုံတက်ရမှုနှုန်း မြင့်တက်လာသော်လည်း သေဆုံးမှုနှုန်း သို့မဟုတ် အရေးပေါ်ကြပ်မတ်ကုသဆောင် ICU တွင် တက်ရောက်ရမှုနှုန်းမှာ သိသိသာသာ အပြောင်းအလဲမရှိကြောင်း သိရသည်။



ယခုအဆင့်တွင် ကျန်းမာရေးအာဏာပိုင်များက မျိုးဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်အသစ် တွေ့ရကြောင်း သတိပေးထားခြင်းမရှိဘဲ ကူးစက်မှုပျံ့နှံ့မှု အများဆုံးဖြစ်သည့် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲများ ကူးစက်မှုဖြစ်သည်ဟု ဆိုသည်။

COVID-19 ကပ်ရောဂါကာလအတွင်း တောင်အာဖရိကတွင် ကူးစက်ခံရသူ (၃.၇) သန်းကျော်နှင် သေဆုံးသူ ၁၀၀,၀၀၀ ကျော်ရှိခဲ့သည်။



Source: Reuters