တာချီလိတ်မြို့တွင် တရုတ် နှင့် ထိုင်းနိုင်ငံသားများ အပါအဝင် စုစုပေါင်း (၈၂)ဦး Fever Clinic သို့ လာရောက် စစ်ဆေးမှု ခံယူရာ အားလုံးတွင် Covid-19 ပိုးမတွေ့

တာချီလိတ်မြို့တွင် တရုတ် နှင့် ထိုင်းနိုင်ငံသားများ အပါအဝင် စုစုပေါင်း (၈၂)ဦး Fever Clinic သို့ လာရောက် စစ်ဆေးမှု ခံယူရာ အားလုံးတွင် Covid-19 ပိုးမတွေ့
ဒီဇင်ဘာ 15, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် နေရပ်ပြန်မည့် တရုတ် နှင့် ထိုင်းနိုင်ငံသားများ အပါအဝင် စုစုပေါင်း (၈၂)ဦး Fever Clinic သို့ လာရောက် စစ်ဆေးမှု ခံယူရာ အားလုံးတွင် Covid-19 ပိုးမတွေ့
တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း Fever Clinic သို့ ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် တရုတ် နှင့် ထိုင်းနိုင်ငံသားများအပါအဝင် (၈၂)ဦးမှ လာရောက်၍ စစ်ဆေးမှု ခံယူရာ အားလုံးတွင် Covid-19 ပိုးမတွေ့ ကြောင်း သိရသည်။

"ထိုင်းက (၃)ယောက်၊ တရုတ်က (၄၇)ယောက် ကျန်တာက မြန်မာတွေပါ။ အားလုံး Negative"ဟု  တာချီလိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးဇော်လင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

လာရောက်အစစ်ဆေးခံယူသူများအနက် တရုတ်နိုင်ငံသားများမှာ နေရပ်သို့ ပြန်ရန်အတွက် စစ်ဆေးမှုခံယူခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့ မှ ဒီဇင်ဘာလ(၁၅)ရက်နေ့ နေ့လည်ပိုင်းအထိ Covid-19 အတည်ပြုလူနာ (၉၇)ဦးအထိရှိရာ ဆေးရုံဆင်းခွင့်ရသူများမှာ (၇၀)ဦးအထိရှိသွားသည့်အတွက် လက်ရှိတွင် ကုသဆောင်များတွင် (၂၇)ဦး ကျန်ရှိနေသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~