တာချီလိတ်မြို့တွင်း မှုခင်းကျဆင်းရေးစီမံချက် တစ်စိတ်တပိုင်းအဖြစ် Police Box များ ထားရှိမည်

တာချီလိတ်မြို့တွင်း မှုခင်းကျဆင်းရေးစီမံချက် တစ်စိတ်တပိုင်းအဖြစ် Police Box များ ထားရှိမည်
ဖေဖော်ဝါရီ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်း မှုခင်းကျဆင်းရေးစီမံချက် တစ်စိတ်တပိုင်းအဖြစ် Police Box များ ထားရှိမည်

နယ်စပ်ဒေသ တာချီလိတ်မြို့တွင်းတွင် ဆောင်ရွက်နေသည့် ရက်ကိုးဆယ် ကျားမင်းစီမံချက်၏ တစ်စိတ်တပိုင်း အဖြစ် Police Box များထားရှိရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

"ရပ်ကင်းတွေမှာ နေပူ၊ မိုးရွာပေါ့လေ တပ်ဖွဲ့ဝင်တွေ နေနိုင်ဖို့အတွက် ကျွန်တော်တို့က Police Box လေးတွေထားမယ်။ လမ်းမကြီးတစ်လျှောက် ထားလို့ရနိုင်တဲ့ နေရာလေးရှိတဲ့ နေရာတွေမှာ စတင်ပြီးတော့ ထားမှာဖြစ်ပါတယ်။ ရပ်ကင်းရှိတဲ့ နေရာတွေမှာ  ယာဉ်ထိန်းရုံးရှိရင် မထားပဲနဲ့ ကျန်တဲ့လွတ်တဲ့နေရာတွေမှာတော့ စီစဉ်ထားရှိသွားမှာ ဖြစ်ပါတယ်"

ဟု  ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးမှ ရဲမှူးကြီးတင်ဇော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း လမ်းမကြီးများတစ်လျှောက် လမ်းဆုံနေရာများတွင် ယာဉ်ထိန်းရဲ၏ Taffic Police Box များရှိသဖြင့် ရပ်ကင်းတာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်များ နားခိုနိုင်ပြီး ယာဉ်ထိန်းရဲ၏ Taffic Police Box မရှိသည့် နေရာ (၇) ခုကိုရွေးချယ်ထားကာ နေရာအနေအထားပေါ်မူတည်ပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း မူခင်းကျဆင်းရေးအတွက် မှုခင်းအဖြစ်များသည့် မြို့ပေါ်ရပ်ကွက် (၄) ခုရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ရဲတပ်ဖွဲ့ဝင်များ နေ့၊ ည ချထားပြီး ရပ်ကွက်ရဲကင်းအဖြစ်သတ်မှတ်ဆောင်ရွက်နေကြောင်း သိရသည်။   

တာချီလိတ်မြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သည့် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဆိုင်ကယ်များ မကြာခဏ ခိုးယူခံရမှုများ ရှိနေပြီး တာချီလိတ်တွင် အများဆုံး ဖြစ်ပွားနေသည့် မှုခင်းမှာ ဆိုင်ကယ်ခိုးခံရမှု အများအပြား ဖြစ်နေကောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~