ကျိုင်းတုံမြို့၏ ဇူလိုင်လ(၁၈)ရက်နေ့ နေ့တစ်ပိုင်းအတွင်း Covid-19 ကူးစက်ခံထားရသူ (၉)ဦးတွေ့ရှိ

ကျိုင်းတုံမြို့၏ ဇူလိုင်လ(၁၈)ရက်နေ့ နေ့တစ်ပိုင်းအတွင်း Covid-19 ကူးစက်ခံထားရသူ (၉)ဦးတွေ့ရှိ
ဇူလိုင် 18, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံံမြို့တွင် ယနေ့ ဇူလိုင်လ(၁၈)ရက်နေ့ နံနက်ပိုင်းက စစ်ဆေးသည့် (၄၇)ဦးအနက် Covid-19 ကူးစက်ခံထားရသူ (၉)ဦးကို စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

Covid-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသည့် (၉)ဦးတွင် ကျိုင်းတုံမြို့ လားဟူမလေး ဖုန်းအရောင်းဆိုင်မှ အတည်ပြု လူနာနှင့် ထိတွေ့သူ (၃)ဦး၊ ကတ်တောင်မှ (၁)ဦး နှင့် သဇင်ဆောင်တွင် ထားသည် (၅)ဦးတို့ ပါဝင်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းအား ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့က စတင်လာရာ ယနေ့ ဇူလိုင်လ(၁၈)ရက်နေ့ နေ့လည်ပိုင်းအထိ Covid-19 ကူးစက်ခံထားရသူ (၆၆)ဦးအထိ တွေ့ရှိထားပြီး (၁၀)ဦးမှ စောင့်ကြည့်ကုသဆောင်များကနေ နေအိမ်ပြန်ခွင့်ရသွားကြပြီဖြစ်ကြောင်း သိရသည်။