တာချီလိတ်မြို့တွင် ဇူလိုင်လ(၂)ရက်နေ့ ညနေ(၄)နာရီအထိ Covid-19 ကူးစက်ခံရသူ (၁၉)ဦး အထိ တွေ့ရှိထား

တာချီလိတ်မြို့တွင် ဇူလိုင်လ(၂)ရက်နေ့ ညနေ(၄)နာရီအထိ Covid-19 ကူးစက်ခံရသူ (၁၉)ဦး အထိ တွေ့ရှိထား
ဇူလိုင် 2, 2021 | Covid-19| ရှမ်းရှေ့

 Covid-19 တတိယလှိုင်း စတင်ဖြစ်ပွား နေသည့် တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂)ရက်နေ့ ညနေ(၄)နာရီအချိန်အထိ Covid-19 ကူးစက်ခံရသူ (၁၉)ဦးအထိ တွေ့ရှိထားကြောင်း သိရသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ဟိုတယ်တာချီလိတ်အတွင်း  ဖွင့်လှစ်ထားသည့်  DAT Club & KTV မှ Covid-19 အတည်ပြုလူနာ ဝန်ထမ်းတစ်ဦးနှင့် ပတ်သက်၍ ဝန်ထမ်း (၁၃၀)နီးပါးကို ယနေ့ ဇူလိုင်လ (၂) ရက်နေ့ နံနက်ပိုင်းက စစ်ဆေးရာ Covid-19 ပိုးတွေ့သူ (၁၄)ဦး တွေ့ရှိထားပြီး ညနေပိုင်းအချိန်ထိ ဆေးရုံဟောင်းတို့တွင် သီးသန့် လာရောက်စစ်ဆေးသူများ အပါအဝင် (၁၉)ဦးအထိ တွေ့ရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပိုးတွေ့သူများ သွားလာခဲ့သည့် နေရာများ နှင့် ထိတွေ့သူများကို သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းမေးမြန်းနေလျက်ရှိကြောင်း နှင့် တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့ မှ  ဇူလိုင်(၂)ရက်နေ့ ညနေ(၄)နာရီအချိန် အထိ  (၃၅)ဦးအထိ ရှိနေကြောင်း သိရသည်။

(၃၅)ဦးအထိ Covid-19 ပိုးတွေ့ရှိထားရသူများတွင် သက်ဆိုင်ရာများ၏ စစ်ဆေးချက်များအရ 1G1 KTV , DAT Club & KTV နှင့် စားသောက်ဆိုင်များသို့ သွားရောက်ခဲ့ကြသူများ ပါဝင်ကြပြီး ထိုင်း နှင့် တရုတ်နိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။