ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်တွင်း ကူးစက်သည့် Covid-19 အတည်ပြုလူနာ (၃)ဦး ထပ်တိုး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်တွင်း ကူးစက်သည့် Covid-19 အတည်ပြုလူနာ (၃)ဦး ထပ်တိုး
သြဂုတ် 20, 2020
By Tachileik News Agency
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်တွင်း ကူးစက်သည့် Covid-19 အတည်ပြုလူနာ (၃)ဦး ထပ်တိုး 
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အတည်ပြုလူနာနှင့် ထိတွေ့သူ (၁)ဦးနှင့် ပြည်ပခရီးမရှိ၊အတည်ပြုလူနာနှင့် ထိတွေ့မှုမရှိသူ (၂)ဦးတို့တွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့ညအထိ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၃၉၉) ဦး ရှိသွားပြီဖြစ်သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သြဂုတ်လ (၁၆)ရက်နေ့က ဘဏ်ဝန်ထမ်းတစ်ဦးကို အတည်ပြုလူနာအဖြစ် စတင်တွေ့ရခြင်းဖြစ်ရာ ယခုထပ်တိုးသူ (၃)ဦး အပါအဝင် (၉)ဦး ရှိလာပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်ပမှပြန်လာသူများအား အသွားအလာကန့်သတ်ထားသည့်နေရာမှသာ အတည်ပြုလူနာများကို တွေ့နေရာမှ သြဂုတ်လ (၁၆)ရက်နေ့မှစ၍ စစ်တွေတွင် ပြည်ပခရီးသွားလာခြင်းမရှိ၊ အတည်ပြုလူနာနှင့် ထိတွေ့ခြင်းမရှိသည့် အမျိုးသမီးတစ်ဦးကို စောင့်ကြည့်လူနာအဖြစ် ဓာတ်ခွဲနမူနာရယူစစ်ဆေးရာမှ COVID 19 ပိုးတွေ့ခဲ့ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် COVID 19 ကူးစက်ခံရမှု မြင့်မားနေပြီး ထိုင်းနိုင်ငံတွင်လည်း ပြည်တွင်းကူးစက်မှုမရှိသည့်ကာလ နှစ်လကျော်သွားပြီးနောက် သြဂုတ်လ (၁၉)ရက်နေ့မှစ၍ ပြည်တွင်းကူးစက်ခံရသူ (၂)ဦးကို ပြန်လည်တွေ့ရှိလာကြောင်း သိရသည်။
လက်ရှိအချိန်ထိ အတည်ပြုလူနာများအနက် (၃၃၁)ဦးမှာ ဆေးရုံဆင်းသွားပြီး သေဆုံးသူ (၆)ဦးရှိခဲ့ခြင်းဖြစ်သည်။
  Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~