ကျောက်မဲမြို့တွင် COVID 19 အတည်ပြုလူနာ နံနက်ပိုင်းတွင် (၁)ဦးတိုးပြီး (၁)ဦးသေဆုံး

ကျောက်မဲမြို့တွင် COVID 19 အတည်ပြုလူနာ နံနက်ပိုင်းတွင် (၁)ဦးတိုးပြီး (၁)ဦးသေဆုံး
ဇူလိုင် 9, 2021 | Covid-19| ရှမ်းမြောက်

 ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ( ၉ ) ရက်နေ့တွင် COVID 19 အတည်ပြုလူနာ (၁) ဦးထပ်တိုးတွေ့ရပြီး ယမန်နေ့က ပိုးတွေ့သည့် အသက် ( ၅၄ )နှစ်အရွယ် လူနာအမျိုးသမီး (၁) ဦး သေဆုံးသွားကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ( ၈ ) ရက်နေ့ တစ်ရက်အတွင်း COVID 19 အတည်ပြုလူနာ ( ၂၃ ) ဦးထပ်တိုးကာ အတည်ပြုလူနာ စုစုပေါင်း ( ၁၂၀ ) ဦးရှိသည့်အနက် ယနေ့သေဆုံးသွားသူ (၁) ဦးအပါအဝင် သေဆုံးသူ (၄) ဦးရှိပြီဖြစ်သည်။

ယနေ့ထပ်တိုးလာသည့် အတည်ပြုလူနာမှာ ကျောက်မဲမြို့ပေါ် အမှတ်( ၁ )ရပ်ကွက်၊ ပြိန်းနင်ရပ်၊ နယ်မြေ( ၁၂ )ရှိ အသွားအလာကန့်သတ်ထားသည့်နေအိမ်မှဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်းတွေ့ရသည့် အတည်ပြုလူနာများမှ ဇူလိုင်လ (၈) ရက်နေ့အထိ ဆေးရုံဆင်းခွင့်ရသူ (၂၀) ဦးရှိပြီဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်းမှ အတည်ပြုလူနာများအား ကျောက်မဲပြည်သူ့ဆေးရုံနှင့် နောင်ပိန်တိုက်နယ်ဆေးရုံတို့တွင် ကုသပေးနေပြီး ယခင်ကကဲ့သို့ ထိတွေ့သူများ၊ ကူးစက်ခံရနိုင်ချေရှိသူများအား အသွားအလာကန့်သတ်ထားရှိသည့် facility quarantine များကို အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် လုပ်ဆောင်နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။