သင်သိပါသလား ..... ကိုဗစ်ကာကွယ်ဆေးတွေကို ဘယ်လိုတွေ ထိုးပေးနေလဲဆိုတာ...

သင်သိပါသလား ..... ကိုဗစ်ကာကွယ်ဆေးတွေကို ဘယ်လိုတွေ ထိုးပေးနေလဲဆိုတာ...
ဇန်နဝါရီ 28, 2021 | Covid-19

သင်သိပါသလား .....

ကိုဗစ်ကာကွယ်ဆေးတွေကို ဘယ်လိုတွေ ထိုးပေးနေလဲဆိုတာ...

မြန်မာနိုင်ငံကို ဇန်နဝါရီလ (၂၂) ရက်နေ့က အိန္ဒိယနိုင်ငံက လက်ဆောင်ပေးတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ရောက်ရှိထားပြီး နောက်ထပ် ကိုဗစ်ကာကွယ်ဆေးတွေ ဖေဖေါ်ဝါရီလ၊ မတ်လနဲ့ ဧပြီလတို့မှာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

  • ကာကွယ်ဆေးထိုးအစီအစဉ်ကို ဇန်နဝါရီလ (၂၇) ရက်နေ့မှာ စတင်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံပေးနေပါတယ်။
  • ဇန်နဝါရီလ (၂၉) ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။
  • ဇန်နဝါရီလ (၃၀) ရက်နေ့မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။
  • ဖေဖေါ်ဝါရီလ (၅) ရက်နေ့မှာ အစိုးရအဖွဲ့နှင့် ပြည်သူလူထုကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။

{ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန}