တာချီလိတ်တွင် အစားအသောက်ရောင်းသည့်ဆိုင်များ ပါဆယ် စနစ်လိုက်နာရန် နှိုးဆော်နေရဆဲ

တာချီလိတ်တွင် အစားအသောက်ရောင်းသည့်ဆိုင်များ ပါဆယ် စနစ်လိုက်နာရန် နှိုးဆော်နေရဆဲ
အောက်တိုဘာ 4, 2020
By Tachileik News Agency
တာချီလိတ်တွင် အစားအသောက်ရောင်းသည့်ဆိုင်များ  ပါဆယ် စနစ်လိုက်နာရန် နှိုးဆော်နေရဆဲ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အစားအသောက် ရောင်းချသည့်ဆိုင်များ Take Away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချရန်ညွှန်ကြားထားပြီး စည်ပင်သာယာရေးဌာနက နေ့စဉ်နှိုးဆော်မှုများ လုပ်နေဆဲဖြစ်ပြီး အရေးယူခြင်း မရှိသေးကြောင်း သိရသည်။
“တစ်ချို့ဆိုင်လေးတွေကတော့ လူမသိ သူမသိဖွင့်နေတာလေးတွေတော့ ရှိတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေနဲ့ မော်တော်ယာဉ်နဲ့ပတ်ပြီး စစ်တာတွေ လုပ်နေရတာပေါ့။ လတ်တလောတော့ အရေးယူတာ မရှိသေးပါဘူး။ ဝန်ထမ်းတွေနဲ့ အင်အားဖြည့်တင်းပြီး မနက်၊ ည လှည့်ပြီး နှိုးဆော်ရေးအပိုင်းကို တိုးပြီးလုပ်နေတာပေါ့”ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် COVID 19 ပြည်တွင်းကူးစက်မှု အများအပြားဖြစ်နေပြီး ကူးစက်ခံရသူများတွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်ရာမှ လူအများအပြားသို့ ကူးစက်မှုကိုလည်း တွေ့ရသဖြင့် အစားအသောက်ရောင်းချသည့်ဆိုင်များအနေဖြင့် ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ Take Away သာရောင်းချကြရန် ညွှန်ကြားထားခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~