တန့်ယန်းမြို့မှ လားရှိုးသို့ လွှဲလာသည့် Covid-19 အတည်ပြုလူနာ ရောဂါအခံရှိ၍ သေဆုံး

တန့်ယန်းမြို့မှ လားရှိုးသို့ လွှဲလာသည့် Covid-19 အတည်ပြုလူနာ ရောဂါအခံရှိ၍ သေဆုံး
နိုဝင်ဘာ 18, 2020
By Tachileik News Agency
တန့်ယန်းမြို့မှ လားရှိုးသို့ လွှဲလာသည့် Covid-19 အတည်ပြုလူနာ ရောဂါအခံရှိ၍ သေဆုံး
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးပြည်သူ့ဆေးရုံတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့က ကုသပေးနေသည့် တီဘီရောဂါအခံရှိသည့် COVID 19 အတည်ပြုလူနာမှာ နိုဝင်ဘာလ (၁၈)ရက်နေ့ နေ့လယ်ပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။
“သူက နဂိုကတည်းက တီဘီဆေးသောက်နေရတဲ့ လူနာဖြစ်နေတယ်။ အဆုတ်မကောင်းဘူး။ အဲဒီတော့ ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ ဒီနေ့ နေ့လယ် (၁)နာရီခွဲလောက်မှာ ဆုံးသွားတယ်။ လားရှိုးမှာ အဲဒီလူနာအပြင် Positive (၅)ယောက်ရှိတယ်။ အဲဒီလူနာတွေရဲ့ လောလောဆယ် အခြေအနေကတော့ stable ပါပဲ။ သူတို့ထဲမှာ နောက်ခံရောဂါအခံရှိတဲ့ တစ်ချို့လည်း ပါတာပေါ့။ အသက် (၅၀)ကျော် တစ်ယောက်ဆိုရင် သမားတော်နဲ့ ဆေးသောက်နေရတဲ့ အနေအထားလေးတော့ရှိတယ်ပေါ့”ဟု လားရှိုးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဉာဏ်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သေဆုံးသွားသည့် အတည်ပြုလူနာမှာ တန့်ယန်းပြည်သူ့ဆေးရုံမှ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် လွှဲပေးလာခြင်းဖြစ်ရာ လားရှိုးဆေးရုံတွင် အဆိုပါလူနာအား ကနဦးစမ်းသပ်စစ်ဆေးပေးသည့် နား၊နှာခေါင်း၊လည်ချောင်းဌာနမှ ကျန်းမာရေးဝန်ထမ်းအပါအဝင် ထိတွေ့မှုရှိသူ (၆) ဦးကို အသွားအလာကန့်သတ်ထားကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးမည်ဖြစ်သည်။
အဆိုပါ အသက် (၃၀)အရွယ် အမျိုးသားလူနာမှာ တန့်ယန်းမြို့တွင် ချောင်းဆိုးဝေဒနာရောဂါအား တစ်လဝန်းကျင်အကြာ ကုသမှုခံယူနေရာမှ မသက်သာသဖြင့် လားရှိုးဆေးရုံသို့ နိုဝင်ဘာလ (၁၆)ရက်နေ့၌ လွှဲပို့လာရာ RDT ဖြင့် စစ်ဆေးရာမှ COVID 19 positive ဖြစ်နေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~