ပြည်တွင်းလေကြောင်းခရီးစဉ် စီးနင်းမည့် ခရီးသည်များ PCR စနစ်ဖြင့် COVID 19 စစ်ဆေးပြီးမှ စီးနင်းခွင့်ရမည်

ပြည်တွင်းလေကြောင်းခရီးစဉ် စီးနင်းမည့် ခရီးသည်များ PCR စနစ်ဖြင့် COVID 19 စစ်ဆေးပြီးမှ စီးနင်းခွင့်ရမည်
ဒီဇင်ဘာ 13, 2020
By Tachileik News Agency

 

ပြည်တွင်းလေကြောင်းခရီးစဉ် စီးနင်းမည့် ခရီးသည်များ PCR စနစ်ဖြင့် COVID 19 စစ်ဆေးပြီးမှ စီးနင်းခွင့်ရမည်
ပြည်တွင်းလေကြောင်းခရီးစဉ်များအား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြုထားပြီး ခရီးသည်များအနေဖြင့် လေယာဉ်မစီးနင်းမီ PCR စနစ်ဖြင့် COVID 19 စစ်ဆေးထားရမည်ဖြစ်ကြောင်း သိရသည်။
"ညွှန်ကြားချက်က မနေ့ကမှ ရောက်တယ်။ လေယာဉ်စီးနင်းမည့်ခရီးသည်များအား PCR ဖြင့် စစ်ဆေးရန်လို့ ညွှန်ကြားထားတယ်။ PCR နဲ့စစ်ရမယ်ဆိုရင် တာချီလိတ်တို့၊ ကျိုင်းတုံတို့က (၄) ရက်လောက် စောင့်ရတယ်။ အခုဆေးရုံမှာရှိနေတဲ့ Genexpress နဲ့ ပေးစစ်မယ်ဆိုရင်တော့ ပိုမြန်မှာပေါ့။ အခုက  အသေးစိတ်ညွှန်ကြားချက်ကတော့ မလာသေးဘူး"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ပြောသည်။
ပြည်တွင်းလေကြောင်းခရီးစဉ်များအား လိုက်ပါစီးနင်းမည့် ခရီးသည်များအနေဖြင့် လေယာဉ်မစီးနင်းမီ PCR စနစ်ဖြင့် COVID 19 စစ်ဆေးခြင်းအား မိမိစရိတ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး COVID 19 ပိုးမရှိကြောင်း ကျန်းမာရေးထောက်ခံချက်နှင့်အတူ စီးနင်းလိုက်ပါလာသည့် ခရီးသည်များအား ခရီးဆိုက်ရောက်ရာဒေသ၌ quarantine ဝင်ရန်မလိုတော့ကြောင်း သိရသည်။
လေယာဉ်စီးနင်းမည့် ခရီးသည်များအနေဖြင့် PCR ဖြင့် စစ်ဆေးရမည့် ကုန်ကျစရိတ်အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
ပြည်တွင်း၊ ပြည်ပလေကြောင်းခရီးစဉ်များအား COVID 19 ကာကွယ်ရေးအတွက် ရပ်ဆိုင်းထားရာမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားသည့် COVID 19 ကာကွယ်ရေးစံသတ်မှတ်ချက်များဖြင့် ဒီဇင်ဘာလ (၁၆)ရက်နေ့မှစ၍ ပြန်လည်ပျံသန်းပြေးဆွဲခွင့်ပြုနိုင်ကြောင်း ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~