သျှမ်းပြည်ဖယ်ဒရယ်တပ်ဦး၏ နိုင်ငံရေးဦးဆောင်ပါတီ အဖြစ် သျှမ်းပြည်လွတ်မြောက်ရေးပါတီ ဖွဲ့စည်းကြောင်း ကြေညာ

သျှမ်းပြည်ဖယ်ဒရယ်တပ်ဦး၏ နိုင်ငံရေးဦးဆောင်ပါတီ အဖြစ် သျှမ်းပြည်လွတ်မြောက်ရေးပါတီ ဖွဲ့စည်းကြောင်း ကြေညာ

သျှမ်းပြည်ဖယ်ဒရယ်တပ်ဦး(Shan State Front for Federal-SSFF)၏ နိုင်ငံရေးဦးဆောင်ပါတီအဖြစ် သျှမ်းပြည်လွတ်မြောက်ရေးပါတီ(Shan State Laiberation Party - SSLP )ကို ဇူလိုင်လ(၇)ရက်နေ့တွင် SSFF က ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာလာသည်။

သျှမ်းပြည်ဖယ်ဒရယ်တပ်ဦး(SSFF)သည် သျှမ်းပြည်လွတ်မြောက်ရေးပါတီ၏ မူဝါဒများ၊ နိုင်ငံရေးရည်မှန်းချက်များ၊ လမ်းစဉ်များနှင့် မသွေဖီဘဲ ပါတီ၏ လိုအပ်ချက်များနှင့်အညီ စစ်ရေးတာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

တရားမဲ့အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး၊ ပြည်နယ်အခွင့်အရေးနှင့်ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ ငြိမ်းချမ်းရေးဟုသည့် မူဝါဒ(၅)ရပ် ချမှတ်ပြီး ယနေ့ ဇူလိုင်လ(၇)ရက်နေ့မှာပင် သျှမ်းပြည်ဖယ်ဒရယ်တပ်ဦး(SSFF)ကို ဦးစွာဖွဲ့စည်းလိုက်ပြီးနောက် SSFF ၏ ဦးဆောင် နိုင်ငံရေးဦးဆောင်ပါတီအဖြစ် သျှမ်းပြည်လွတ်မြောက်ရေးပါတီဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။