သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်း

သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်း
By Tachileik News Agency

သူရဦးရွှေမန်းတည်ထောင်ခဲ့သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို ဖျက်သိမ်းကြောင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ပါတီကို ဦးဆောင်ဖွဲစည်းခဲ့သည့် ခေါင်းဆောင်များသည် ယခုအခါ အသက်အရွယ်ကြီးရင့်လာကြပြီး ကျန်းမာရေးချိုတဲ့သူများရှိသလို လူမှုရေးနှင့် အခြားအခက်အခဲများ ရှိလာကြခြင်း၊ ပါတီနိုင်ငံရေးအား ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိတော့ခြင်းတို့ကြောင့် UBP ပါ တီအား နိုင်ငံရေးပါတီမှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ဗဟိုအ လုပ်မှုဆောင်များက သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

UBP ပါတီကို အောက်တိုဘာလ ၁၁ ရက်မှစ၍ ဖျက်သိမ်းခြင်းကို အတည်ပြုနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါပါတီသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရခြင်းမရှိခဲ့သည့် ပါတီဖြစ်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ပြီး ဧပြီ ၂၅ ရက်တွင် တရားဝင်ပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က  အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။