မကွေးတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ပညာရေးဝန်ထမ်းများမှ စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်ဆန့်ကျင်ရေးတွင် ပါဝင်လုပ်ဆောင်

မကွေးတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ပညာရေးဝန်ထမ်းများမှ စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်ဆန့်ကျင်ရေးတွင် ပါဝင်လုပ်ဆောင်

မကွေးတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ပညာရေးဝန်ထမ်းများမှ စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်ဆန့်ကျင်ရေးတွင် ပါဝင်လုပ်ဆောင်

 

မကွေးတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ပညာရေးဝန်ထမ်း အင်အား (၂၅၀) ဝန်းကျင်က စစ်တပ်က အာဏာသိမ်းခြင်းကို လက်မခံသည့် နိုင်ငံ့ဝန်ထမ်းများ၏ Civil Disobedience Campaign တွင် ပါဝင်လာပြီး Red Ribbon Campaign ကိုလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် မကွေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၏ရှေ့၌ ပြုလုပ်သည်။



ကျွန်တော်တို့ ဒီနေ့ Civil Disobedience Movement အထိမ်းအမှတ် ဖဲကြိုးနီလှုပ်ရှားမှု ပြုလုပ်ကြတာပါ။ လုပ်ရတဲ့ရည်ရွယ်ချက်က ကျွန်တော်တို့ မဲရုံမှူးတွေ လုပ်ခဲ့ကြရပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေဟာ မှန်ကန်မှုရှိ၊ မရှိ ကျွန်တော်တို့ သိကြပါတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးဝန်ထမ်းတွေ မသမာမှု လုံးဝမရှိခဲ့ကြပါဘူး။ မဲစာရင်းကွာတယ်ဆိုတဲ့ မဟုတ်မတရား စွပ်စွဲချက်တွေနဲ့ နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တာကို ကန့်ကွက်ပါတယ်။ မတရား ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးသမားတွေကို ဖမ်းဆီးထိန်းသိမ်းထားတာကို ကန့်ကွက်ပါတယ်။ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ကျွန်တော်တို့ရွေးချယ် တင်မြှောက်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်အမြန်ဆုံးခေါ်ယူပေးဖို့ ဒီနေရာကနေ တောင်းဆိုပါတယ်

ဟု မကွေးတက္ကသိုလ်ဆရာသမဂ္ဂ ဥက္ကဌ ရူပဗေဒဌာန ကထိက ဒေါက်တာလှိုင်ထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



အဆိုပါ Campaign တွင် ရင်ဘတ်များ၌ ဖဲကြိုးနီများကိုတပ်ဆင်ကာ “စစ်အစိုးရ-အလိုမရှိ” ၊“ရွေး ကောက်ခံလွှတ်တော်အမြန်ခေါ်ပေးရေး-တို့အရေး” ၊“ Free Daw Aung San Su Kyi ” ၊ “ Free President U Win Myint ”  ၊“ Free Political Prisoners ” ဟု ရေးသားထားသည့် စာသားများ ကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။

Tachileik News Agency

သတင်း/ဓာတ်ပုံ-ဖီးနစ်

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...