တာချီလိတ်မြို့တွင် ဇူလိုင်လ(၆)ရက်နေ့၏ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၂၉)ဦး တွေ့ရှိ

တာချီလိတ်မြို့တွင် ဇူလိုင်လ(၆)ရက်နေ့၏ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၂၉)ဦး တွေ့ရှိ
ဇူလိုင် 6, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၆)ရက်နေ့တွင် ဆေးရုံဟောင်းအတွင်းရှိ Fever Clinic သို့ လာရောက်စစ်ဆေးမှု ခံယူများထဲက ညနေပိုင်းအထိ Covid-19 ပိုးတွေ့သူ စုစုပေါင်း (၂၉)ဦးထပ်တိုး တွေ့ရသည့်အတွက် စုစုပေါင်း (၁၆၇)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ တွေ့ရှိရသည့် (၂၉)ဦးတွင် အမျိုးသား(၁၀)ဦး နှင့် အမျိုးသမီး (၁၉)ဦးတို့ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စ၍ ဇူလိုင်လ(၆)ရက်နေ့ ညနေပိုင်းအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၆၇)ဦးအထိရှိနေသည်။

တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်း၏ ကူးစက်မှုမြန်ဆန်ခြင်းကြောင့် နေ့ဈေးနှင့် ညဈေးများကို ပိတ်ထားပြီး၊ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့် ရောင်းချခိုင်းထားသော်လည်း စာသင်ကျောင်းနှင့် လောင်းကစားများကိုတော့ ဆက်လက် ဖွင့်လှစ်ခွင့်ပြုထားကြောင်း ဒေသခံများထံက သိရသည်။