တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း အမျိုးသားတစ်ဦးအား မူးယစ်ဆေး ဖမ်းမိ

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း အမျိုးသားတစ်ဦးအား မူးယစ်ဆေး ဖမ်းမိ
အောက်တိုဘာ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း အမျိုးသားတစ်ဦးအား မူးယစ်ဆေး ဖမ်းမိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ်ပိုင်းက ဆိုင်ကယ်မောင်းနှင်လာသူ (၁)ဦးထံမှ အိုက်စ်မူးယစ်ဆေးဝါး (၉၈၀) ဂရမ်ဝန်းကျင်ကို ဖမ်းမိကြောင်း သိရသည်။
တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊  (၄)လမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား (၁)ဦးကို မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့က သတင်းအရ  ရပ်တန့် စစ်ဆေး ရှာဖွေရာက ဆိုင်ကယ်ရှေ့ခွကြားရှိ ပလတ်စတစ်အိတ်အတွင်းမှ မက်သာအက်ဖက်တမင်း(အိုက်စ်)ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် စိုင်းခမ်းအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~