တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၁၀)နာရီအထိ Covid-19 အတည်ပြုလူနာ (၃)ဦး တိုး

တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၁၀)နာရီအထိ Covid-19 အတည်ပြုလူနာ (၃)ဦး တိုး
ဒီဇင်ဘာ 6, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၁၀)နာရီအထိ Covid-19 အတည်ပြုလူနာ (၃)ဦး တိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီလိတ်မြို့ရှိ တာချီလိတ်ဆေးရုံဟောင်းအတွင်း Covid-19 စစ်ဆေးပေးနေသည့် Fever Clinic ၌ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်း(၁၀)နာရီအထိ (၃)ဦးတွင် Covid-19 ပိုးတွေ့သည်။

အသစ်ထပ်တွေ့ရသည့် အတည်ပြုလူနာ  (၃)ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး ၎င်းတို့၏ နေရပ်လိပ်စာ နှင့် ထိတွေ့သူများကို ကျန်းမာရေးက စစ်ဆေးမေးမြန်းနေလျက်ရှိကြောင်း ကနဦး သိရသည်။

တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း ( ၇၀ )ဦးအထိရှိနေရာတွင် ဒီဇင်ဘာလ(၅)ရက်နေ့အထိ (၃)ဦးမှာ ဆေးရုံက ဆင်းခွင့်ရသွားပြီဖြစ်သည့်အတွက် လက်ရှိ၌ (၆၇)ဦး ကုသဆောင်များတွင် ကျန်ရှိနေသည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~