မိုင်းတုံမြို့နယ်အတွင်း သစ်ခွဲသား (၁၇)တန်ကျော်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မိုင်းတုံမြို့နယ်အတွင်း သစ်ခွဲသား (၁၇)တန်ကျော်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
ဇန်နဝါရီ 3, 2020
By Tachileik News Agency

မိုင်းတုံမြို့နယ်အတွင်း သစ်ခွဲသား (၁၇)တန်ကျော်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း  သစ်ခွဲသား ဆိုဒ်စုံ (၁၇)တန်ကျော်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ၍ ပိုင်ရှင်အား ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့အထိ စုံစမ်းဖော်ထုတ်နေဆဲ ဖြစ်ကြောင်း သိရသည်။

မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က မိုင်းတုံမြို့နယ်အတွင်း လွယ်ပွတ်ကြိုးဝိုင်း နှင့် မဲကင်ဂူကြိုးဝိုင်းများအတွင်း သွားရောက် ရှာဖွေ စစ်ဆေးရာ ပိတောက် နှင့် ကျွန်း သစ်ခွဲသား ဆိုဒ်စုံ(၁၁၀)ချောင်းကို တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့ က သိမ်းဆည်းရမိသည့် အဆိုပါ သစ်ခွဲသားများ၏ စုစုပေါင်း တန်ချိန်မှာ (၁၇.၂၈၇၀)တန် ရှိသော်လည်း ကြိုးဝိုင်း (၂)ဝိုင်းအတွင်းမှ သစ်များ၏ ဆက်စပ်သူများနှင့် ပိုင်ရှင်ကို ဖမ်းဆီးရမိခြင်း မရှိသေး၍  စုံစမ်းဖော်ထုတ်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓါတ်ပုံ - သစ်တော
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~