တာချီလိတ်မြို့တွင် ဇူလိုင်လ(၆)ရက်နေ့ နေ့လည်ပိုင်းအထိ Covid-19 ကူးစက်ခံရသူ (၈)ဦး တွေ့ရှိ

တာချီလိတ်မြို့တွင် ဇူလိုင်လ(၆)ရက်နေ့ နေ့လည်ပိုင်းအထိ Covid-19 ကူးစက်ခံရသူ (၈)ဦး တွေ့ရှိ
ဇူလိုင် 6, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၆)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်အထိ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic သို့ လာရောက်စစ်ဆေးသူများအနက် (၈)ဦးတွင် Covid-19 ပိုးတွေ့ရကြောင်း သိရသည်။

ပိုးတွေ့ရှိရသူများနှင့် ပတ်သက်၍ သွားလာ ထိတွေ့သူများကို ဆက်လက် စုံစမ်းနေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စတင်ကာ ယနေ့ ဇူလိုင်လ(၆)ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၄၆)ဦး အထိ ရှိနေကြောင်း သိရသည်။