COVID 19 ကာကွယ်ဆေးဝယ်ယူရန် နိုင်ငံတော်က အမေရိကန်ဒေါ်လာ သန်း (၂၅၀) မတည်ထားပြီး ပြည်တွင်းပြည်ပမှ အလှူရှင်များ ဖိတ်ခေါ်

COVID 19 ကာကွယ်ဆေးဝယ်ယူရန် နိုင်ငံတော်က အမေရိကန်ဒေါ်လာ သန်း (၂၅၀) မတည်ထားပြီး ပြည်တွင်းပြည်ပမှ အလှူရှင်များ ဖိတ်ခေါ်
ဇန်နဝါရီ 5, 2021 | Covid-19

COVID 19 ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် နိုင်ငံတော်က အမေရိကန်ဒေါ်လာ သန်း (၂၅၀) မတည်မည်ဖြစ်ပြီး အများပြည်သူ၊ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်လှူဒါန်းနိုင်မည့် ငွေစာရင်းအမှတ်များကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့၌ ထုတ်ပြန်ကြေညာထားသည်။



COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသည် COVID 19 ကာကွယ်ဆေးများ ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့၌ ဖွဲ့စည်းလိုက်ပြီး ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအတွက် မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ကာ နိုင်ငံတော် မတည်ရန်ပုံငွေ ကျပ်သန်း (၁,၀၀၀)ကို စတင်ထည့်သွင်းထားကြောင်း သိရသည်။



ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းလိုသူများအနေဖြင့် နိုင်ငံခြားငွေစာရင်းအမှတ် EDC 6000012 သို့လည်းကောင်း မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733 သို့လည်းကောင်း ထည့်ဝင်လှူဒါန်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။



ယင်းအပြင် လှူဒါန်းလိုသူများအနေဖြင့် ညွှန်ကြားရေးမှူးချုပ် ဖုန်း ၀၆၇ ၃၄၁၀၁၅၆ သို့မဟုတ် ငွေတိုက်ဦးစီးဌာန ဖုန်း ၀၆၇ ၃၄၁၀၁၅၈ သို့လည်းကောင်း ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။



Tachileik News Agency