ကျောက်မဲမြို့တွင် ရခိုင်မှ ပြန်လာသူရှိ၍ အသွားအလာကန့်သတ်ထားသည့် အထက(၃)နှင့် အထက(၄)တွင် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေ

ကျောက်မဲမြို့တွင် ရခိုင်မှ ပြန်လာသူရှိ၍ အသွားအလာကန့်သတ်ထားသည့် အထက(၃)နှင့် အထက(၄)တွင် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေ
စက်တင်ဘာ 6, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် ရခိုင်မှ ပြန်လာသူရှိ၍ အသွားအလာကန့်သတ်ထားသည့် အထက(၃)နှင့် အထက(၄)တွင် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ရခိုင်ပြည်နယ်မှ ပြန်လာသူ (၂) ဦး နေထိုင်သည့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းဝန်းတွင် နေထိုင်သူများနှင့် ထိတွေ့မှုရှိသူ အထက(၄) ကျောင်းဝန်းအတွင်း နေထိုင်သူများအား quarantine သတ်မှတ်လိုက်သဖြင့် စားနပ်ရိက္ခာအခက်အခဲဖြစ်နေကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် သိရသည်။
“သြဂုတ်လ (၃၀) ရက်နေ့ကစပြီး ရုတ်တရက်ကြီး quarantine ဝင်လိုက်ရတာ ဖြစ်တဲ့အတွက် ဘာမှ မပြင်ဆင်ထားမိဘူး။ အဲဒါကြောင့် ဟင်းချက်စားဖို့ဆိုပြီး ဒီမှာနေကြသူတစ်ချို့က ဆိုင်ကယ် ဈေးသည်ဆီကနေ ဈေးဝယ်မိလို့ ခရိုင်၊ မြို့နယ် ပညာရေးထိ တိုင်ခံရတယ်။ စားနပ်ရိက္ခာအတွက် ပညာရေးအသိုင်းအဝိုင်းက တစ်ချို့ လာပြီး လှူဒါန်းပေးကြတာတွေရှိလို့ နည်းနည်းတော်ပါသေးတယ်။ ဘယ်နေ့အထိ နေရဦးမယ် မသိသေးတော့ ဟင်းချက်စရာ ဘာညာ ဝယ်ဖို့ က အခက်အခဲ ရှိနေသေးတယ် “ ဟု အသွားအလာ ကန့်သတ် ခံထားရသည့် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းအုပ် ဦးမောင်မောင်ကြည်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
COVID 19 ကူးစက်ခံထားရနိုင်ချေရှိ၍ quarantine သတ်မှတ်ထားချိန်တွင် quarantine နေထိုင်သူများနှင့် အခြားသူများ တိုက်ရိုက်ထိတွေ့မှုမရှိစေရန်လိုအပ်သဖြင့် ပြင်ပဈေးသည်များထံမှ ဈေးဝယ်၍ မရသည့်အပြင် စားနပ်ရိက္ခာဝယ်ယူထားခြင်းလည်းမရှိ၍ အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
အထက(၃)ကျောင်းဝင်းတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃) ရက်နေ့က ရခိုင်ပြည်နယ်မှ ပြန်လာသူ (၂)ဦး ရောက်ရှိနေထိုင်နေပြီး ကျောင်းဝန်းအတွင်း နေထိုင်သူစုစုပေါင်း (၁၄)ဦးရှိနေသဖြင့် အဆိုပါကျောင်းဝန်းကို  သြဂုတ်လ (၃၀) ရက်နေ့ကစတင်ကာ quarantine ဧရိယာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ယင်းအပြင် အထက(၃)ကျောင်းအုပ်နှင့်ထိတွေ့မှုရှိသဖြင့် အထက(၄)ကျောင်းအုပ်နှင့် ကျောင်းဝန်းအတွင်း နေထိုင်သူများကိုလည်း quarantine သတ်မှတ်ထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်မှ လာရောက်သူ (၂)ဦးနှင့် တိုက်ရိုက်ထိတွေ့သူ ကျောင်းအုပ်ကြီး စုစုပေါင်း (၃)ဦး၏ ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးမှုတွင် COVID 19 ပိုးမတွေ့ရကြောင်း အဖြေရထားပြီးဖြစ်သော်လည်း သတ်မှတ် quarantine ရက်ပြည့်သည်အထိ နေထိုင်ရမည်ဖြစ်ကာ ဒုတိယအကြိမ် ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~