မိုင်းတုံတွင် ရွေးကောက်ပွဲကာလတာဝန်ထမ်းဆောင်မည့် အထူးရဲ (၆၁)ဦးနှင့် နည်းပြ (၅)ဦးတွင် COVID 19 ပိုးမတွေ့

မိုင်းတုံတွင် ရွေးကောက်ပွဲကာလတာဝန်ထမ်းဆောင်မည့် အထူးရဲ (၆၁)ဦးနှင့် နည်းပြ (၅)ဦးတွင် COVID 19 ပိုးမတွေ့
အောက်တိုဘာ 11, 2020
By 🌸
မိုင်းတုံတွင် ရွေးကောက်ပွဲကာလတာဝန်ထမ်းဆောင်မည့် အထူးရဲ (၆၁)ဦးနှင့် နည်းပြ (၅)ဦးတွင် COVID 19 ပိုးမတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့တွင် ၂၀၂၀ ရွေးကောက်ပွဲကာလ တာဝန်ထမ်းဆောင်မည့် အထူးရဲ (၆၁) ဦးနှင့် နည်းပြ (၅) ဦးတို့ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့၌ Antigen Rapid Diagnostic Test Kit ဖြင့် စစ်ဆေးရာ အားလုံးတွင် COVID 19 ပိုးမတွေ့ရကြောင်း သိရသည်။

“အထူးရဲတွေတော့ ဒီနေ့စစ်ပေးထားတယ်။ မဲရုံတာဝန်ယူမယ့် ပညာရေးဝန်ထမ်းတွေကတော့ ဒီကို ပြန်ကိုမရောက်သေးတာ။ သူတို့ ဒီကိုလာဖို့ ခေါ်လာမယ့်ကားမရှိသေးတော့ လာဖို့အဆင်မပြေသေးဘူးဖြစ်နေတာ။ ”

ဟု မိုင်းတုံဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူ့ဆေးရုံများသို့ ဖြန့်ဝေပေးထားသည့် Antigen Rapid Diagnostic Test Kit များဖြင့် ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများကို COVID 19 စစ်ဆေးပေးနေခြင်းဖြစ်သည်။ 
အဆိုပါ test kit များဖြင့် မြို့အတွင်းဝင်မည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို  စစ်ဆေးပေးနေရာ မိုင်းတုံမြို့တွင် အောက်တိုဘာလ (၁၀)ရက်နေ့က ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၂၁)ဦးကို စစ်ဆေးပေးထားပြီးဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ -  dr.thet khine min

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~