နိုင်ငံပေါင်း (၄) နိုင်ငံဖြတ်ကျော်မည့် မြန်မာ (၁၆) ဦးအဖွဲ့ မော်တော်ယာဉ် (၄)စီးဖြင့် တာချီလိတ်မှ စတင်ထွက်ခွာ

နိုင်ငံပေါင်း (၄) နိုင်ငံဖြတ်ကျော်မည့် မြန်မာ (၁၆) ဦးအဖွဲ့ မော်တော်ယာဉ် (၄)စီးဖြင့် တာချီလိတ်မှ စတင်ထွက်ခွာ
ဒီဇင်ဘာ 14, 2019
By Tachileik News Agency
နိုင်ငံပေါင်း (၄) နိုင်ငံဖြတ်ကျော်မည့် မြန်မာ (၁၆) ဦးအဖွဲ့ မော်တော်ယာဉ် (၄)စီးဖြင့် 
တာချီလိတ်မှ စတင်ထွက်ခွာ

မြန်မာ၊ ထိုင်း၊ တရုတ်နှင့် လာအို (၄) နိုင်ငံကို မော်တော်ယာဉ်များဖြင့်ဖြတ်ကျော်သွားလာမည့် မြန်မာခရီးသွား (၁၆) ဦးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၁၄) ရက်နေ့ မနက် (၈) နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားမှ စတင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသား (၉) ဦးနှင့် မြန်မာနိုင်ငံသူ (၇) ပါဝင်သောခရီးသွားအဖွဲ့သည် မော်တော်ယာဉ် (၄) စီးဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)မှနေ၍ ထိုင်းနိုင်ငံမယ်ဆိုင်သို့ ထွက်ခွာသွားကြခြင်းဖြစ်ပြီး မယ်ဆိုင်မှတစ်ဆင့် လာအိုနိုင်ငံ ဟွေဟိုင်း၊ မွေဟိုင်းနှင့် ဘိုတန်ကိုဖြတ်ကျော်ကာ တရုတ်နိုင်ငံ မော့ဟန်၊ မန်းကားလား၊ ကျန်းယွမ်၊ သာ့လီ၊ ပါးလားကဲ့ကျုံ၊ ရှန်ဂရီလာ၊ လီကျန်း၊ ကူမင်း၊ ကျင်းဟုန်ကို ဖြတ်သန်းမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် လာအိုနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ကာ ဘိုတန်-မွေဟိုင်း-လွန်ပရာဘန်-ဗန်ဗိန်းမှတစ်ဆင့် ထိုင်းနိုင်ငံ ခွန်ခန်-ဘန်ကောက်-မဲဆောက်မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ မြဝတီနယ်စပ်မှ ပြန်လည်ဝင်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို (၁၆)ရက်ကြာ မောင်းနှင်ကြမည်ဖြစ်ပြီး ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာခရီးသွား (၁၆) ဦးအဖွဲ့သည် (၄) နိုင်ငံခရီးစဉ်တွင် မော်တော်ယာဉ် (၅) စီးဖြင့် သွားရောက်ရန် ခွင့်ပြုချက်တင်ခဲ့သော်လည်း မော်တော်ယာဉ် (၄) စီးသာ ပါဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံ (၄) နိုင်ငံသို့ ဖြတ်သန်းသွားမည့် မြန်မာခရီးသွားများအတွက် တာချီလိတ်မြို့ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊တပ်ဖွဲ့စု(၁၄)တာချီလိတ်မှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များကို စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~