ကျောက်မဲမြို့တွင် Covid-19 အတည်ပြူလူနာ (၁)ဦး နှင့် အသက်ရှုပ်ကြပ်သည့် အမျိုးသား(၁)ဦး ရုတ်တရက် သေဆုံး

Photo: Five Star လူမှုကူညီရေးအသင်း
Photo: Five Star လူမှုကူညီရေးအသင်း
ကျောက်မဲမြို့တွင် Covid-19 အတည်ပြူလူနာ (၁)ဦး နှင့် အသက်ရှုပ်ကြပ်သည့် အမျိုးသား(၁)ဦး ရုတ်တရက် သေဆုံး
ဇူလိုင် 5, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် Covid-19 ရောဂါပိုးကူးစက်ခံထား၍ ကုသမှုခံယူနေသည့် အမျိုးသမီးကြီးတစ်ဦးသည် ယနေ့ ဇူလိုင်လ(၅)ရက်နေ့ နံနက်အစောပိုင်းက သေဆုံးသွားသလို  အသက်ရှုပ်ကြပ်သည့် အမျိုးသားတစ်ဦးလည်း ရုတ်တရက်သေဆုံးသွားကြောင်း သိရသည်။

ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်တွင် အသက်ရှူကြပ်၍ ရုတ်တရက်သေဆုံးသွားသည့် အသက် ( ၅၄ ) နှစ်အရွယ် အမျိုးသားတစ်ဦး၏ ဓါတ်ခွဲနမူနာကိုတော့ စစ်ဆေးနေဆဲဖြစ်ပြီး Covid-19 ပိုး ရှိ မရှိကိုတော့ မသိနိုင်သေးကြောင်း နှင့် ၎င်းသည် ကျောက်မဲမြို့ရှိ နံနက်ခင်းဈေး နှင့် ညဈေးတန်းတို့တွင် ဈေးရောင်းချသူ တစ်ဦးဖြစ်ပြီး ဇူလိုင်လ(၁)ရက်နေ့ထိ ဈေးရောင်းချခဲ့သူလည်း ဖြစ်ကြောင်း သိရသည်။

ဇွန်လ ( ၂၉ )ရက်နေ့က နောင်ပိန်ကျေးရွာမှ Covid-19 ပိုးတွေ့သူ အသက် ( ၉၄ )နှစ်အရွယ် လူနာအမျိုးသမီးတစ်ဦးသည် ကျောက်မဲမြို့တွင် ကုသမှုခံယူနေစဉ် ယနေ့ ဇူလိုင် ( ၅ )ရက် နံနက်အစောပိုင်းက သေဆုံးသွားခဲ့ခြင်းဖြစ်သည့်အတွက် သေဆုံးသူ (၂)ဦးကို  နာရေးကူညီမှုအသင်း( ကျောက်မဲ )နှင့် Five Star လူမှုကူညီရေးအဖွဲ့တို့က PPE ဝတ်စုံများဝတ်ဆင်၍ စနစ်တကျ မီးသင်္ဂြိုလ် ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

 

ကျောက်မဲမြို့တွင် ဇူလိုင်(၄)ရက်နေ့ ညပိုင်းအထိ Covid-19 ရောဂါပိုးတွေ့ရှိသူ ( ၃၉ )ဦးရှိကာ ကျောက်မဲမြို့နယ် နောင်ပိန် ကျေးရွာတွင် ( ၄၃ )ဦး ရှိပြီး ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့သူ စုစုပေါင်း ( ၈၂ )ဦးရှိထားသည့်အနက် ပိုးတွေ့သူ( ၁ )ဦးသေဆုံးပြီး သံသယရှိသူ ( ၁ )ဦး သေဆုံးထားပြီဖြစ်သည်။