တာချီလိတ် - မယ်ဆိုင် နယ်စပ်ဖြတ်ကူးသွားသည့် (၂၅) နှစ်အရွယ် ထိုင်းအမျိုးသမီး၌ COVID 19 ပိုးတွေ့

တာချီလိတ် - မယ်ဆိုင် နယ်စပ်ဖြတ်ကူးသွားသည့် (၂၅) နှစ်အရွယ် ထိုင်းအမျိုးသမီး၌ COVID 19 ပိုးတွေ့
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
 
တာချီလိတ် - မယ်ဆိုင် နယ်စပ်ဖြတ်ကူးသွားသည့် (၂၅) နှစ်အရွယ် ထိုင်းအမျိုးသမီး၌ COVID 19 ပိုးတွေ့
ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ တာချီလိတ်ဘက်မှ နယ်စပ်ခိုးဝင်ဖြတ်သန်းသွားသည့် ထိုင်းအမျိုးသမီးတစ်ဦး၌ COVID 19 ပိုးတွေ့ရသဖြင့် ထိုင်းနိုင်ငံတွင် တာချီလိတ်ဘက်မှ ပြန်လာပြီး အတည်ပြုလူနာဖြစ်သွားသည့် ထိုင်းနိုင်ငံသား (၄)ဦး ရှိလာပြီဖြစ်သည်။
မယ်ဆိုင်မှ အတည်ပြုလူနာ ထိုင်းအမျိုးသမီးမှာ တာချီလိတ်ဘက်တွင် အလုပ်လုပ်ပြီး ထိုင်းဘက် ခိုးဝင်ပြန်လာရာမှ အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရသည့် (၄) ဦးမြောက်ဖြစ်ကြောင်း ထိုင်းကျန်းမာရေးဌာနက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့၌ ထုတ်ပြန်သည်။
တာချီလိတ်ဘက်ရှိ 1G1 ဟိုတယ်၏ KTV တွင် အလုပ်လုပ်ကိုင်ပြီး ပြန်သွားသည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်သို့ပြန်သွားသည့် ထိုင်းနိုင်ငံသူတစ်ဦးတွင် COVID 19 ကူးစက်ခံထားရသည်ကို နိုဝင်ဘာလ (၂၈)ရက်နေ့က တွေ့ခဲ့ရပြီးနောက် ၎င်းနှင့်အလုပ်အတူတူလုပ်ပြီး ပြန်လာသည့် ထိုင်းနိုင်ငံသူ (၂)ဦးတွင်လည်း COVID 19 ကူးစက်ခံထားရသည်ကို နိုဝင်ဘာလ (၃၀)ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယင်းနောက် (၄)ယောက်မြောက်အဖြစ် တာချီလိတ်မှပြန်လာပြီး မယ်ဆိုင်တွင်နေထိုင်သည့် အသက် (၂၅)နှစ်အရွယ် မိန်းကလေး၌ COVID 19 ကူးစက်ခံထားရသည်ကို ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်၌ တွေ့ခဲ့ရခြင်းဖြစ်သည်။
တာချီလိတ်ဘက်တွင် အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား အများအပြားရှိနေပြီး ထိုင်းနိုင်ငံဘက်ပြန်၍ ဆေးကုသမှုခံယူလိုသူများရှိနေသည်ဟုလည်း ထိုင်းကျန်းမာရေးဌာန တာဝန်ရှိသူက ဆိုသည်။
နယ်စပ်ဖြတ်၍ ခိုးဝင်လာသူများအား ကူညီပေးသည့် တက္ကစီသမားများနှင့် လက်ခံထားသည့် တည်းခိုခန်းပိုင်ရှင်တို့ကို သက်ဆိုင်ရာထံ အကြောင်းမကြားမှုဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် နိုဝင်ဘာ (၂၄)မှ (၂၇)အထိ မယ်ဆိုင်ရှိ ဟိုတယ်တစ်ခုတွင် နေထိုင်ခဲ့ပြီး နိုဝင်ဘာ (၂၈)မှစ၍ ချင်းရိုင်းခရိုင်အတွင်းရှိ ဟိုတယ်တစ်ခုသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြား တရားဝင် နယ်စပ်ပေါက်များကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့ကတည်းက ပိတ်ထားသော်လည်း နယ်စပ်ကို တရားမဝင်ဖြတ်သန်းသွားလာမှုများ နှစ်နိုင်ငံဘက်လုံးတွင် ရှိနေကြခြင်းဖြစ်ပြီး တာချီလိတ်ဘက်၌ အတည်ပြုလူနာများ တိုးလာချိန်တွင် နယ်စပ်ခိုးဝင်ပေါက်များကို ထိုင်းဘက်က သံဆူးကြိုးများကာရံခြင်း၊ ရဲနှင့်စစ်တပ်ပူးပေါင်း ကင်းလှည့်ခြင်းများ ဆောင်ရွက်လာကြသော်လည်း ခိုးဝင်ဖြတ်သန်းမှုများ ရှိနေခြင်းဖြစ်သည်။
Tachileik News Agency
Source: Bangkok Post
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~