ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်အတွင်း Covid-19 ပြည်တွင်းကူးစက်မှု မရှိစေရေးအတွက် မြို့ဝင်မြို့ထွက် စစ်ဆေးရေး ဂိတ်များတွင် ရှိန်အဟုန်တိုးမြှင့် စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်အတွင်း Covid-19 ပြည်တွင်းကူးစက်မှု မရှိစေရေးအတွက် မြို့ဝင်မြို့ထွက် စစ်ဆေးရေး ဂိတ်များတွင် ရှိန်အဟုန်တိုးမြှင့် စစ်ဆေး
သြဂုတ် 27, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်အတွင်း Covid-19 ပြည်တွင်းကူးစက်မှု မရှိစေရေးအတွက် မြို့ဝင်မြို့ထွက် စစ်ဆေးရေး ဂိတ်များတွင် ရှိန်အဟုန်တိုးမြှင့် စစ်ဆေး
ရခိုင်ပြည်နယ်အတွင်း  ဩဂုတ်လ(၁၆)ရက်နေ့က စတင်လိုက်သည့် Covid-19 ပြည်တွင်းကူးစက်မှု လူနာမှာ (၁၈၀)ကျော်ရှိသွားနေပြီဖြစ်သည့်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း Covid-19 ပြည်တွင်းကူးစက်မှုများ မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်မြို့ထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေးခြင်းများ  လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့အဝင် မြို့အထွက် စစ်ဆေးရေးနေရာများတွင်  မြို့နယ် Covid-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊တားဆီးရေး ကော်မတီက မြို့နယ်ပြင်ပမှ  ဝင်ရောက်လာသူများနှင့် ထွက်ခွာသူများကို ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း နှင့်  ခရီးသွားရာဇဝင် စစ်ဆေးခြင်းများကို ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၇)ရက်နေ့က စ၍ အရှိန်အဟုန်တိုးမြှင့်ကာ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

စစ်ဆေးရေးနေရာများသို့ မိုင်းယန်းမြို့နယ်အုပ်ချုပ်ရေးမှူး နှင့်  မြို့နယ်အဆင့် ဌာနဆိုင်ရာများက  Covid-19 ပြည်တွင်းကူးစက်မှုအများဆုံး ဖြစ်နေသည့် ရခိုင်ပြည်နယ်မှ ရောက်ရှိလာသူများ ရှိ မရှိကို  အထူးကြပ်မတ်ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း သိရသည်။   

စစ်ဆေးမှုများ ဆောင်ရွက်စဉ် ခရီးသွားပြည်သူများအား နှာခေါင်းစည်း(Mask)များကို တပ်ဆင်ကြရန်၊ တစ်ဦး နှင့် တစ်ဦး ထိစပ်မှုများ မရှိအောင် နေထိုင်ကြရန် နှင့် လူစုလူဝေးရှောင်ရှားကြရန် အသိပညာပေးခြင်းဖြင့်ပါ ပူးတွဲ လုပ်ဆောင်ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ ဩဂုတ်လ(၂၇)ရက်နေ့ နံနက်(၈)နာရီအချိန်အထိ covid-19 အတည်ပြုလူနာ စုစုပေါင်း ( ၅၈၆ )ရှိသွားပြီဖြစ်ရာ (၅၈၆)ဦးထဲတွင် (၆)ဦးသေဆုံးပြီး (၃၄၅)ဦး ပြန်လည် သက်သာလာပြီဖြစ်ကြောင်း သိရှိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - မသီတာ

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~