COVID 19 ကပ်ရောဂါရင်ဆိုင်နေရသည့် မြန်မာပြည်သူများအတွက် ဥရောပသမဂ္ဂ က ပံ့ပိုးကူညီမှုကို တိုးမြှင့်လုပ်ဆောင်ပြီး ပုဂ္ဂလိက ကုမ္ပဏီများဖြင့် လက်တွဲ ဆောင်ရွက်မည်

photo: European Union in Myanmar
photo: European Union in Myanmar
COVID 19 ကပ်ရောဂါရင်ဆိုင်နေရသည့် မြန်မာပြည်သူများအတွက် ဥရောပသမဂ္ဂ က ပံ့ပိုးကူညီမှုကို တိုးမြှင့်လုပ်ဆောင်ပြီး ပုဂ္ဂလိက ကုမ္ပဏီများဖြင့် လက်တွဲ ဆောင်ရွက်မည်

COVID 19 ကပ်ရောဂါကို ကုသခံယူခွင့် မရကြဘဲ ရင်ဆိုင်နေကြရသည့် မြန်မာပြည်သူများအတွက် ဥရောပသမဂ္ဂသည် ၎င်းတို့၏ ရန်ပုံငွေ အထောက်အပံ့ကို ရရှိထားသည့် Global Fund၊ COVAX အဖွဲ့များသာမက အခြားသောအဖွဲ့များဖြင့်ပါ ချိတ်ဆက်၍ ပံ့ပိုးကူညီမှု၊ အောက်ဆီဂျင်၊ စမ်းသပ်စစ်ဆေးမှုများနှင့် ကာကွယ်ဆေးများ ရရှိစေရန်အတွက် ပိုမိုလုပ်ဆောင်ပေးသွားမည်ဟု အသိပေးကြေညာထားသည်။

အကူအညီများအား အထိရောက်ဆုံး ပံ့ပိုးကူညီသွားရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများနှင့်  လက်တွဲလုပ်ဆောင်သွားမည့် TeamEurope ၏ အထူးလုပ်ဆောင်မှု အစီအစဥ်များကို လုပ်ဆောင်သွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။



ကပ်ဘေးကြောင့် အသက်ဆုံးရှုံးသွားကြရသော မြန်မာပြည်မှ ပြည်သူပြည်သားများအားလုံးအတွက် အလွန်ပင် ဝမ်းနည်းကြောင်း ဥရောပသမဂ္ဂက ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့က ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ ထည့်သွင်းအသိပေးထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံ့အာဏာသိမ်းထားသည့်ကာလအတွင်း COVID 19 တတိယလှိုင်းကို ကြုံနေရပြီး ကူးစက်မှုကို လုံလောက်သည့် ကာကွယ်၊ စစ်ဆေး၊ ကုသမှုများမရကြဘဲ ပြည်သူများက ကိုယ်ထူကိုယ်ထလုပ်ဆောင်နေကြရသည်။