တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီအထိ Fever Clinic တွင် ထိတွေ့သူ အပါအဝင် (၄၆)ဦးကို စစ်ဆေးရာ အားလုံးတွင် Covid-19 ပိုးမတွေ့

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီအထိ Fever Clinic တွင် ထိတွေ့သူ အပါအဝင် (၄၆)ဦးကို စစ်ဆေးရာ အားလုံးတွင် Covid-19 ပိုးမတွေ့
ဒီဇင်ဘာ 14, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီအထိ Fever Clinic တွင် ထိတွေ့သူ အပါအဝင် (၄၆)ဦးကို စစ်ဆေးရာ အားလုံးတွင် Covid-19 ပိုးမတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီလိတ်မြို့ရှိ  ဆေးရုံဟောင်းအတွင်း Covid-19 စစ်ဆေးပေးနေသည့် Fever Clinic တွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်း(၁၀)နာရီအထိ စုစုပေါင်း (၄၆)ဦးလာရောက် စစ်ဆေးမှု ခံယူခဲ့ရာ အားလုံး  ပိုးမတွေ့ကြောင်း သိရသည်။
လာရောက်စစ်ဆေးမှုခံယူသူ (၄၆)ဦးတွင် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု ဝမ်ကောင်းမွန်းကျေးရွာမှ ထိတွေ့သူ (၇)ဦးပါဝင်ပြီး ကျန်(၃၉)ဦးမှာ မိမိဆန္ဒအလျောက် လာရောက် စစ်ဆေးမှုခံယူသူများ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း COVID 19 ဒုတိယလှိုင်းအဖြစ်စတင်သည့် နိုဝင်ဘာလ (၂၂)ရက်နေ့မှ ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက်(၁၀)နာရီအထိ အတည်ပြုလူနာ (၉၇)ဦး တွေ့ရှိထားပြီး (၆၀)ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်၍ လက်ရှိတွင် (၃၇)ဦး နေအိမ်ပြန်ရန် ကျန်ရှိနေသည်။ 
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~