တာချီလိတ်မြို့တွင် ဇူလိုင်လ(၃)ရက်နေ့ နေ့လည်ပိုင်းအထိ Covid-19 ကူးစက်ခံထားရသူ (၇)ဦး ထပ်တိုးတွေ့ရှိ

တာချီလိတ်မြို့တွင် ဇူလိုင်လ(၃)ရက်နေ့ နေ့လည်ပိုင်းအထိ Covid-19 ကူးစက်ခံထားရသူ (၇)ဦး ထပ်တိုးတွေ့ရှိ
ဇူလိုင် 3, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၃)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်အထိ  ဆေးရုံဟောင်းအတွင်းသို့ လာရောက်စစ်ဆေးသူများအနက် (၇)ဦးတွင် Covid-19 ပိုးတွေ့ရကြောင်း သိရသည်။

ပိုးတွေ့သူများကို ကုသဆောင်များသို့ ပို့ဆောင်ထားလိုက်ပြီး ထိတွေ့သူများကို ဆက်လက်စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်ရှေ့ရှိ ဆေးရုံဟောင်းအတွင်း ပိတ်ရက်မရှိ နေ့စဉ် နံနက်(၈)နာရီက စတင်ကာ စစ်ဆေးခ ကျပ်(၁၀,၀၀၀)ဖြင့် Covid-19 စစ်ဆေးပေးနေသည့်အတွက် မည်သူမဆို လာရောက်၍ စစ်ဆေးမှု ခံယူနိုင်ကြောင်း အသိပေးထားရှိသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းသည် ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စတင်လာရာ ဇူလိုင်လ(၃)ရက်နေ့ နေ့လည်ပိုင်းအထိ Covid-19 အတည်ပြူလူနာ အနည်းဆုံး (၄၀)ဦးအထိ ရှိနေသည်။

တတိယလှိုင်းအတွင်း တာချီလိတ်မြို့တွင် ထိတွေ့သူအများစုမှာ KTV တွင် လုပ်ကိုင်သူများ နှင့် သွားရောက်ခဲ့သူများ ပါဝင်၍ KTV သို့ သွားရောက်ခဲ့သူများအနေဖြင့် မည်သူမဆို မိမိကိုယ်ကိုကိုယ် သံသယရှိပါက Covid-19 ရှိ မရှိ သိနိုင်ရန် လာရောက်စစ်ဆေးကြရန်လည်း သက်ဆိုင်ရာများက တိုက်တွန်းထားကြောင်း သိရသည်။

#TachileikNewsAgency