နယ်စပ်ဒေသ တာချီလိတ်တွင် မူးယစ်ဆေးဝါး ဖြတ်လိုသည့် (၃၀)ဦးမှ (၃၅)ရက်ကြာမည့် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းသို့ တက်ရောက်နေ

နယ်စပ်ဒေသ တာချီလိတ်တွင် မူးယစ်ဆေးဝါး ဖြတ်လိုသည့် (၃၀)ဦးမှ (၃၅)ရက်ကြာမည့် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းသို့ တက်ရောက်နေ
သွဂုတျ 31, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးဖြတ်လိုသည့် သင်တန်းသား  (၃၅)ဦးက (၃၅)ရက်ကြာမည့် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းသို့ တက်ရောက်နေကြောင်း သိရသည်။


သင်တန်းကာလအတွင်း စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ပြန်လလည်ထူထောင်မှု ဆောင်ရွက်သွားမည့်အပြင် အသိပညာနှင့် ဗဟုသုတများ ရရှိစေရန်အတွက် သက်ဆိုင်ရာများမှ လာရောက်၍ ဟောပြောပွဲများ ပြုလုပ်သွားမည့်အပြင် သက်မွေးဝမ်းကျောင်းပညာရပ်များအနေဖြင့် ဘလောက်အုတ်လုပ်ငန်း၊ ဘက်စုံသုံးဆပ်ပြာ ဆီလုပ်ငန်း၊ ပိုးဇာပုံနှိပ်လုပ်ငန်းတို့ကိုလည်း စာတွေ့/လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။

အဆိုပါ သင်တန်းအား တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု၊ ၀မ်ကော့ကျေးရွာရှိ သဘာဝတရားရိပ်သာတွင် ၂၀၁၉ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့က စ၍ ဖွင့်လှစ်နေခြင်းဖြစ်ပြီး သင်တန်း၏ ဖွင့်ပွဲ အခမ်းအနားအား ယနေ့ သြဂုတ်လ(၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် သင်တန်းအား ၂၀၁၉ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့အထိ (၃၅)ရက်အကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ -  ပြန်/ထူ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးဖြတ်လိုသည့် သင်တန်းသား (၃၅)ဦးက (၃၅)ရက်ကြာမည့် ရပ်ရွာအခြပြေုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းသို့ တက်ရောက်နေကြောင်း သိရသည်။

"သင်တန်းကာလထဲမှာ ပြန်လည်ထူထောင်ရေးလက်စွဲ နည်းစနစ်အတိုင်း ပေးမယ့်အပြင် သူတို့ရဲ့ သက်မွေးဝမ်းကြောင်း အနေနဲ့ (၃) ခုလုပ်ထားပေးတယ်။ သင်တန်းမဆင်းခင် (၂) ပတ်အလိုမှာ အချိန်ဇယားသတ်မှတ်ပြီးတော့ ဘလောက်အုတ်လုပ်ငန်း၊ ဘက်စုံသုံးဆပ်ပြာဆီလုပ်ငန်း၊ ပိုးဇာပုံနှိပ်ပေါ့ တံဆိပ်ရိုက်လုပ်ငန်း သင်ကြားပေးမှာပေါ့။ ရပ်ရွာထဲပြန်ရောက်လို့ ရှိရင် တချို့ကျတော့ အလုပ်မရှိတာတို့ အလုပ်အဆင်မပြေတာတို့ဆိုရင် ဆေးတွေဘာတွေ ပြန်သုံးကြတာပေါ့"ဟု တာချီလိတ်ပြန်လည်ထူထောင်ရေးစခန်းမှ စခန်းမန်နေဂျာ ဦးနိုင်စိုးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်တန်းကာလအတွင်း စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ပြန်လလည်ထူထောင်မှု ဆောင်ရွက်သွားမည့်အပြင် အသိပညာနှင့် ဗဟုသုတများ ရရှိစေရန်အတွက် သက်ဆိုင်ရာများမှ လာရောက်၍ ဟောပြောပွဲများ ပြုလုပ်သွားမည့်အပြင် သက်မွေးဝမ်းကျောင်းပညာရပ်များအနဖြေင့် ဘလောက်အုတ်လုပ်ငန်း၊ ဘက်စုံသုံးဆပ်ပြာ ဆီလုပ်ငန်း၊ ပိုးဇာပုံနှိပ်လုပ်ငန်းတို့ကိုလည်း စာတွေ့/လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၎င်းထံက သိရသည်။

အဆိုပါ သင်တန်းအား တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကော့ကျေးရွာရှိ သဘာဝတရားရိပ်သာတွင် ၂၀၁၉ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့က စ၍ ဖွင့်လှစ်နခြေင်းဖြစ်ပြီး သင်တန်း၏ ဖွင့်ပွဲ အခမ်းအနားအား ယနေ့ သြဂုတ်လ(၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် သင်တန်းအား ၂၀၁၉ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့အထိ (၃၅)ရက်အကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တာချီလိတ် စစ်ဗျူဟာအဖွဲ့အခြေချ ဗျူဟာမှူး ဗိုလ်မှုးကြီးသော်ဇင်ဦး၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ခရိုင်ပြည်သူ့ဆေးရုံမှ ဒေါက်တာရွှေဝင်း၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်စောနှင်းဦး နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

Tachileik News Agency
ဓာတ်ပုံ - ပြန်/ထူ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net