ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဆုံဆို့နာရောဂါဖြစ်ပွားသူ (၁၀၀)ကျော်နေပြီး သေဆုံးသူ (၁၀)ဦးအထိရှိနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဆုံဆို့နာရောဂါဖြစ်ပွားသူ (၁၀၀)ကျော်နေပြီး သေဆုံးသူ (၁၀)ဦးအထိရှိနေ
သြဂုတ် 24, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဆုံဆို့နာရောဂါဖြစ်ပွားသူ (၁၀၀)ကျော်နေပြီး သေဆုံးသူ (၁၀)ဦးအထိရှိနေ
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် ဆုံဆို့နာရောဂါဖြစ်ပွားသူဦးရေမှာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့ အထိ စာရင်းအရ စုစုပေါင်း (၁၁၂)ယောက်ရှိနေပြီး သေဆုံးသူ (၁၀)ဦးအထိ သွားပြီဖြစ်ကြောင်း သိရသည်။
“လောလောဆယ်က ညနေ (၄)နာရီအထိ စာရင်းအရက (၁၁၂)ယောက် ရှိသွားပြီ။  မိုင်းတုံမှာက (၆)ယောက် ထပ်တိုးတယ်။ နောက်ထပ် ထပ်တိုးမယ့် အလားအလာလည်းရှိတယ်။ ကျွန်တော်တို့ အခုက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အရှိန်အဟုန်ပြင်းပြင်းနဲ့ စနေပါပြီ။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၂၃)ရက်နေ့က ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ဆုံဆို့နာရောဂါဖြစ်ပွားနေရာ တာချီလိတ်မြို့တွင် ရောဂါဖြစ်ပွားသူ (၄၁)ဦးအနက် (၆)ဦးသေဆုံး၊ မိုင်းခတ်တွင် ရောဂါဖြစ်ပွားသူ (၃၂)ဦးအနက် (၂)ဦးသေဆုံး၊ မိုင်းဆတ်တွင် ရောဂါဖြစ်ပွားသူ (၂၀)ဦးအနက် (၂)ဦး သေဆုံး၊ မိုင်းတုံတွင် ရောဂါဖြစ်ပွားသူ (၁၅)ဦး၊  မိုင်းဖြတ်တွင် ရောဂါဖြစ်ပွားသူ (၃)ဦးနှင့် ကျိုင်းတုံတွင် ရောဂါဖြစ်ပွားသူ (၁)ဦးတို့ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~