ျတာချီလိတ် နှင့် ကျိုင်းတုံမြို့တို့မှ လေယာဉ်စီးခရီးသွားများ fever clinic များတွင် Covid-19 စစ်ဆေးမှု ခံယူနိုင်

ျတာချီလိတ် နှင့် ကျိုင်းတုံမြို့တို့မှ လေယာဉ်စီးခရီးသွားများ fever clinic များတွင် Covid-19 စစ်ဆေးမှု ခံယူနိုင်
ဒီဇင်ဘာ 16, 2020
By Tachileik News Agency

 

တာချီလိတ် နှင့် ကျိုင်းတုံမြို့တို့မှ လေယာဉ်စီးခရီးသွားများ  fever clinic များတွင် Covid-19 စစ်ဆေးမှု ခံယူနိုင်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံနှင့် တာချီလိတ်မှ လေယာဉ်စီးခရီးသွားများအနေဖြင့် fever clinic များ၌ COVID 19 စစ်ဆေးခြင်းကို လေယာဉ်မစီးနင်းမီ တစ်ရက်အလိုတွင်  လာရောက်စစ်ဆေးမှုခံယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
"လေယာဉ်စီးမယ့် ခရီးသည်တွေအနေနဲ့ လေယာဉ်မတက်မီ တစ်ရက်အလိုမှာ RDT လာစစ်နိုင်ပြီ။ ကျိုင်းတုံမှာဆိုရင် လေယာဉ်ကွင်းလမ်းမှာရှိတဲ့ fever clinic မှာ လေယာဉ်မထွက်မီ တစ်ရက်အလို နေ့လယ် (၂)နာရီကနေ ညနေ (၅)နာရီအထိ စစ်နိုင်တယ်။ တာချီလိတ်ကတော့ ပိတ်ရက်မရှိ မနက် (၇)နာရီကနေ မနက် (၁၀)နာရီအထိ ဆေးရုံဝန်းဟောင်းမှာရှိတဲ့ fever clinic မှာ စစ်နိုင်တယ်"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လေယာဉ်စီးနင်းမည့် ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ်နှင့်အတူ fever clinic သို့ သွားရောက်၍ RDT ဖြင့် COVID 19 စစ်ဆေးမှုခံယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
"စစ်ဆေးခကတော့ ကျွန်တော်တို့ ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ကျပ် (၁၀,၀၀၀) ပေးသွင်းရမှာပါ"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က ပြောသည်။
ကျိုင်းတုံမှ လေယာဉ်စီးနင်းမည့် ခရီးသည်များအနေဖြင့် လေယာဉ်ကွင်းလမ်း၊ မြို့တော်ခန်းမရှိ fever clinic နှင့် တာချီလိတ်မှ လေယာဉ်စီးနင်းမည့် ခရီးသည်များအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆေးရုံဟောင်းဝန်းရှိ fever clinic တို့၌ COVID 19 စစ်ဆေးမှုခံယူနိုင်မည်ဖြစ်သည်။
ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ (၁၆)ရက်နေ့မှစ၍ ခွင့်ပြုထားပြီး လေယာဉ်စီးနင်းမည့်ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ်၊ မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်တို့အပြင် COVID 19 ပိုးမရှိကြောင်း (၃၆)နာရီအတွင်း စစ်ဆေးထားသည့် ကျန်းမာရေးထောက်ခံချက်ပါ ပါဝင်မှ လေယာဉ်စီးနင်းခွင့်ရကြမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~