ကျိုင်းတုံမြို့ရှိ ဟွေဖြန်းသုသာန်အဆင်မြှင့်တင်ရေးအတွက် မလွတ်ကင်းသည့် အုတ်ဂူ(၉၉)လုံး ဖယ်ရှားမည်ဖြစ်၍ ကျန်ရစ်သူမိသားစုများ စည်ပင်သို့ လာရောက် ဆက်သွယ်ရန် လိုအပ်

ကျိုင်းတုံမြို့ရှိ ဟွေဖြန်းသုသာန်အဆင်မြှင့်တင်ရေးအတွက် မလွတ်ကင်းသည့် အုတ်ဂူ(၉၉)လုံး ဖယ်ရှားမည်ဖြစ်၍ ကျန်ရစ်သူမိသားစုများ စည်ပင်သို့ လာရောက် ဆက်သွယ်ရန် လိုအပ်
ဇန်နဝါရီ 13, 2020
By Tachileik News Agency
ကျိုင်းတုံမြို့ရှိ ဟွေဖြန်းသုသာန်အဆင်မြှင့်တင်ရေးအတွက် မလွတ်ကင်းသည့် အုတ်ဂူ(၉၉)လုံး ဖယ်ရှားမည်ဖြစ်၍ ကျန်ရစ်သူမိသားစုများ စည်ပင်သို့ လာရောက် ဆက်သွယ်ရန် လိုအပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ဘာသာပေါင်းစုံ ဟွေဖြန်းသုဿန် အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် သုဿန်အတွင်း ပတ်လမ်းဖေါက်လုပ်ရန်အတွက် အုတ်ဂူ (၉၉)လုံး ဖယ်ရှားရန် လိုအပ်နေ၍ ကျန်ရစ်သူမိသားစုဝင်များ အနေဖြင့် စည်ပင်သာယာရေးဌာနထံ ဆက်သွယ်ပေးကြရန် မေတ္တာရပ်ခံထားသည်။

"သုသာန်ပတ်လမ်း အဝင်၊ အထွက်လမ်းတွေ ဆောင်ရွက်တဲ့အခါမှာ မလွတ်ကင်းတဲ့ အုတ်ဂူတွေရှိပါတယ်။ ခန့်မှန်းခြေ (၉၉) လုံးလောက်ရှိပါတယ်။ ဒီအုတ်ဂူတွေအနေနဲ့ လမ်းနယ်နိမိတ် လှူဒါန်းနိုင်ဖို့အတွက် ကာယကံရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာ ရှိပါတယ်။ စည်ပင်သာယာရေးဌာနရဲ့ သုသာန် စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ထုံး၊ လုပ်နည်းနဲ့အညီ ရွှေ့ပြောင်းဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်"ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဟွေဖြန်းသုဿန်သည် ကုန်းမြင့်တွင်ရှိနေရာ နာရေးပို့ဆောင်သည့် မော်တော်ယာဉ်များ အတက်အဆင်းလမ်း အခက်အခဲ ဖြစ်နေ၍ အဝင်လမ်းနှင့် အထွက်လမ်း သီးခြားစီ ဖေါက်လုပ်ပေးနိုင်ရန်နှင့် ပေ (၄၀ X ၆၀) ရှိ တရားနာ ဇရပ်တစ်ဆောင် တည်ဆောက်နိုင်ရန် နောင်တုံကုမ္ပဏီက လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

(၄၅)ဧက ကျယ်ဝန်းသည့် ဟွေဖြန်းသုဿန်တွင် မြေနေရာအခက်အခဲဖြစ်လာနေ၍ ဂူသွင်းမြှပ်နှံမှုများအစား အရိုးပြာများ သိမ်းဆည်းနိုင်မည့် အဆောက်အဦများ တည်ဆောက်ခြင်း အပါအဝင် သုဿန်တွင် စနစ်တကျဖြစ်စေရေးအတွက် သုသာန်ထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီတို့က ဆောင်ရွက်နေခြင်းဖြစ်သည်။

ပတ်လမ်းဖေါက်လုပ်ရန်အတွက် မဖြစ်မနေ ဖယ်ရှားရမည့် အုတ်ဂူ (၉၉)လုံးနှင့် ပတ်သက်၍  ကျန်ရစ်သူ မိသားစုဝင်များအနေဖြင့် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးရုံးသို့ လာရောက်၍ ဖြစ်စေ၊ ဖုန်း   08421016 နှင့် 09265319768 သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~