ဒုတိယအႀကိမ္ ပိုလီယိုကာကြယ္ေဆး အပိုေဆာင္းတိုက္ေကၽြးရာတြင္ ဝက္သက္ႏွင့္ ဂ်ိဳက္သိုး ကာကြယ္ေဆးမ်ားပါ ပူးတြဲထိုးႏွံေပးမည္ျဖစ္ၿပီး ေရႊ႕ေျပာင္းမိသားစုမ်ားမွ ကေလးမ်ား လာေရာက္ထိုးႏွံႏုိင္

ဒုတိယအႀကိမ္ ပိုလီယိုကာကြယ္ေဆး အပိုေဆာင္းတိုက္ေကၽြးရာတြင္ ဝက္သက္ႏွင့္ ဂ်ိဳက္သိုး ကာကြယ္ေဆးမ်ားပါ ပူးတြဲထိုးႏွံေပးမည္ျဖစ္ၿပီး ေရႊ႕ေျပာင္းမိသားစုမ်ားမွ ကေလးမ်ား လာေရာက္ထိုးႏွံႏုိင္
သြဂုတ် 28, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အပိုေဆာင္း ပိုလီယိုကာကြယ္ေဆးတုိက္ေကၽြးျခင္း ဒုတိယအႀကိမ္တြင္ ဝက္သက္ႏွင့္ ဂ်ိဳက္သိုးကာကြယ္ေဆးကိုပါ ပူးတြဲထိုးႏွံေပးမည္ျဖစ္ၿပီး ေရႊ႕ေျပာင္း ေနထိုင္သူမ်ားအေနျဖင့္ နီးစပ္ရာရပ္ကြက္မ်ားတြင္ မိမိတို႔၏ကေလးမ်ားကို လာေရာက္ထိုးႏွံႏုိင္မည္ျဖစ္သည္။

ဒုတိယအႀကိမ္ ကာကြယ္ေဆးတုိက္ေကၽြးျခင္းအား ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာလ (၂၅) ရက္ေန႔မွ ေအာက္တိုဘာလ (၂၉)ရက္ေန႔အထိ ေဆာင္ရြက္ရာတြင္ အသက္ (၉) လႏွင့္အထက္ ကေလးငယ္မ်ားကို ဝက္သက္ႏွင့္ ဂ်ိဳက္သိုးကာကြယ္ေဆးမ်ားကိုပါ ပူးတြဲထိုးႏွံေပးသြားမည္ျဖစ္သည္။

"ဒုတိယအႀကိမ္က်ရင္ေတာ့ ဝက္သက္၊ ဂ်ိဳက္သိုးကာကြယ္ေဆးပါ ထိုးႏွံေပးသြားမွာ။ တာခ်ီလိတ္ခရိုင္ ထဲမွာဆိုတာ ခ်ီလိတ္ၿမိဳ႕နယ္နဲ႔ မိုင္းေယာင္းၿမို႕နယ္ပဲ ပါတယ္။ မိုင္းျဖတ္ၿမို႕နယ္မပါဘူး။ နယ္ေျမ အေနအထားအရ ကာကြယ္ေဆးလႊမ္းၿခံႏိုင္မႈအားနည္းတဲ့ ေနရာေတြကို တိုက္တာ။ တာခ်ီလိတ္ကေတာ့ ကာကြယ္ေဆးလႊမ္းၿခံဳႏိုင္မႈ အားေကာင္းတယ္။ ေရႊ႕ေျပာင္းလုပ္သားေတြမ်ားေတာ့ ကာကြယ္ေဆးမရတဲ့ ေနရာေတြက ေရာက္လာရင္ သူတို႔ျဖစ္ရင္ ၿမို႕ကခံရမွာ။ ေရႊ႕ေျပာင္းလုပ္သားေတြအေနနဲ႔ (၅) ႏွစ္ေအာက္ကေလးေတြရိွရင္ စာရင္းထဲပါပါ၊ မပါပါ ကာကြယ္ေဆးတိုက္တဲ့အခ်ိန္မွာ လာေရာက္ တိုက္ေကၽြးႏိုင္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

နယ္ေျမေအးခ်မ္းမႈမရိွသည့္ေဒသမ်ားႏွင့္ ကာကြယ္ေဆးလႊမ္းၿခံဳႏိုင္မႈမရိွသည့္ ေဒသမ်ားမွ အသက္ (၅) ႏွစ္ေအာက္ ကေလးငယ္မ်ားကို ပိုလီယိုကာကြယ္ေဆး အပိုေဆာင္းတိုက္ေကၽြးျခင္းကို ၂၀၁၉ ခုႏွစ္အတြင္း (၂) ႀကိမ္ေဆာင္ရြက္ရာတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ က်ိဳင္းတံု၊ တာခ်ီလိတ္၊ မိုင္းဆတ္၊ မိုင္းခတ္၊ မိုင္းေယာင္း၊ မိုင္းတံု၊ မိုင္းပ်ဥ္းႏွင့္ မက္မန္း စုစုေပါင္း (၈) ၿမို႕နယ္မွ ေမြးကင္းစမွ (၅) နွစ္ေအာက္ကေလးငယ္ (၇၀,၀၀၀) ေက်ာ္ကို တိုက္ေကၽြးသြားမည္ျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ကာကြယ္ေဆးတုိက္ရမည့္ ကေလးငယ္ (၁၁,၄၈၉) ဦး ရိွေနေၾကာင္း သိရသည္။

ပထမအႀကိမ္ အပိုေဆာင္း ပိုလီယိုကာကြယ္ေဆးတုိက္ေကၽြးျခင္းကို တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ၾသဂုတ္လ (၂၆)ရက္ေန႔မွ (၂၈)ရက္ေန႔အထိ တုိက္ေကၽြးခဲ့ျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု #ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဒုတိယအကြိမ် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးရာတွင် ဝက်သက်နှင့် ဂျိုက်သိုး ကာကွယ်ဆေးများပါ ပူးတွဲထိုးနှံပေးမည်ဖြစ်ပြီး ရွှေ့ပြောင်းမိသားစုများမှ ကလေးများ လာရောက်ထိုးနှံနိုင်
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း အပိုဆောင်း ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်း ဒုတိယအကြိမ်တွင် ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေးကိုပါ ပူးတွဲထိုးနှံပေးမည်ဖြစ်ပြီး ရွှေ့ပြောင်း နေထိုင်သူများအနေဖြင့် နီးစပ်ရာရပ်ကွက်များတွင် မိမိတို့၏ကလေးများကို လာရောက်ထိုးနှံနိုင်မည်ဖြစ်သည်။

ဒုတိယအကြိမ် ကာကွယ်ဆေးတိုက်ကျွေးခြင်းအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၂၉)ရက်နေ့အထိ ဆောင်ရွက်ရာတွင် အသက် (၉) လနှင့်အထက် ကလေးငယ်များကို ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေးများကိုပါ ပူးတွဲထိုးနှံပေးသွားမည်ဖြစ်သည်။

"ဒုတိယအကြိမ်ကျရင်တော့ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးပါ ထိုးနှံပေးသွားမှာ။ တာချီလိတ်ခရိုင် ထဲမှာဆိုတာ ချီလိတ်မြို့နယ်နဲ့ မိုင်းယောင်းမြို့နယ်ပဲ ပါတယ်။ မိုင်းဖြတ်မြို့နယ်မပါဘူး။ နယ်မြေ အနေအထားအရ ကာကွယ်ဆေးလွှမ်းခြံနိုင်မှုအားနည်းတဲ့ နေရာတွေကို တိုက်တာ။ တာချီလိတ်ကတော့ ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု အားကောင်းတယ်။ ရွှေ့ပြောင်းလုပ်သားတွေများတော့ ကာကွယ်ဆေးမရတဲ့ နေရာတွေက ရောက်လာရင် သူတို့ဖြစ်ရင် မြို့ကခံရမှာ။ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ (၅) နှစ်အောက်ကလေးတွေရှိရင် စာရင်းထဲပါပါ၊ မပါပါ ကာကွယ်ဆေးတိုက်တဲ့အချိန်မှာ လာရောက် တိုက်ကျွေးနိုင်ပါတယ်"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

နယ်မြေအေးချမ်းမှုမရှိသည့်ဒေသများနှင့် ကာကွယ်ဆေးလွှမ်းခြုံနိုင်မှုမရှိသည့် ဒေသများမှ အသက် (၅) နှစ်အောက် ကလေးငယ်များကို ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို ၂၀၁၉ ခုနှစ်အတွင်း (၂) ကြိမ်ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းခတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ မိုင်းပျဉ်းနှင့် မက်မန်း စုစုပေါင်း (၈) မြို့နယ်မှ မွေးကင်းစမှ (၅) နှစ်အောက်ကလေးငယ် (၇၀,၀၀၀) ကျော်ကို တိုက်ကျွေးသွားမည်ဖြစ်ပြီး တာချီလိတ်မြို့နယ်အတွင်း ကာကွယ်ဆေးတိုက်ရမည့် ကလေးငယ် (၁၁,၄၈၉) ဦး ရှိနေကြောင်း သိရသည်။

ပထမအကြိမ် အပိုဆောင်း ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းကို တာချီလိတ်မြို့နယ်အတွင်း သြဂုတ်လ (၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ တိုက်ကျွေးခဲ့ခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net