တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း အမျိုးသား(၅)ဦးအား အိုက်စ် ကီလို(၅၀)ဝန်းကျင်နှင့်အတူ ဖမ်းမိ

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း အမျိုးသား(၅)ဦးအား အိုက်စ် ကီလို(၅၀)ဝန်းကျင်နှင့်အတူ ဖမ်းမိ
အောက်တိုဘာ 20, 2020
By Tachileik News Agency
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း အမျိုးသား(၅)ဦးအား အိုက်စ် ကီလို(၅၀)ဝန်းကျင်နှင့်အတူ ဖမ်းမိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၌ အမျိုးသား(၅)ဦးအား အိုက်စ် ကီလို(၅၀)ဝန်းကျင်နှင့်အတူ  ဖမ်းဆီးရမိ၍ ကွင်းဆက်များအား ဖော်ထုတ်ဖမ်းဆီးရမိရန် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကာ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဟံသာဝတီလမ်း နှင့် ဟံသာဝတီလမ်းသွယ်ထောင့်တွင် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရဲတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၂၀ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့ ည(၆း၄၅)နာရီဝန်းကျင်အချိန်က မူးယစ်ဆေးဝါးသတင်းအရ စောင့်ဖမ်းစဉ် မော်တော်ယာဉ်(၄)စီးသည် ရှေ့နောက် ရောက်ရှိလာရာ ယာဉ်များတွင် ပါဝင်သည့်  အမျိုးသား(၅)ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါ ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ စိုင်းခမ်းငင်း မောင်းနှင်လာသည့် Honda Fit အမျိုးအစား မော်တော်ယာဉ်၏ နောက်ခန်းအတွင်း ဆာလာအိတ်များဖြင့် ထည့်ထားသည့် မက်သာအက်ဖီတမင်း(အိုက်စ်) အလေးချိန် စုစုပေါင်း ကီလို(၅၀)ဝန်းကျင် နှင့် တရုတ်လက်ဖက်ခြောက်အိတ်ခွံ အလုံး(၅၀)ကို တို့ကို ရှာဖွေသိမ်းဆည်းရမိခြင်း ဖြစ်သည်။

ဆက်လက်၍ စိုင်းလောင်ခေး မောင်းနှင်လာသည့် Fortuner အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရာ စိုင်းလောင်ခေး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် ကုန်သည်ကြီးများအသင်းဝင် ကတ်ပြား (၁)ခု အပါအဝင် ATM ကတ် စုစုပေါင်း (၃)ကတ် နှင့် လက်ကိုင်ဖုန်း(၁)လုံးအားလည်းကောင်း၊ စိုင်းဖူးလီ မောင်းလာသည့် HR_V အမျိုးအစားမော်တော်ယာဉ်အတွင်းရှာဖွေရာ စိုင်းဖူးလီ ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် ATM ကတ် (၆)ကတ် နှင့် လက်ကိုင်ဖုန်း(၁)လုံး၊ ငွေ(၆,၀၀၀)ဘတ် နှင့် ယာဉ်မောင်းလိုင်စင်တို့ကို လည်းကောင်း၊ စိုင်းလုံ မောင်းနှင်းပျီး အိုက်တောင်း လိုက်ပါလာသည့် Vigo အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရာက  နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် လက်ကိုင်ဖုန်း(၂)လုံး နှင့် ငွေ (၂၄၅,၀၀၀)ဘတ်တို့ကိုသာ ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အဆိုပါ အမျိုးသား (၅)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~