ဟိုပုံး ထမ်ဆမ်းဂူအနီး လမ်းဘေး ပေ(၄၀၀)ခန့်ချောက်အတွင်း ကားတစ်စီး ထိုးကျတိမ်းမှောက်

Photo: MFSD
Photo: MFSD
ဟိုပုံး ထမ်ဆမ်းဂူအနီး လမ်းဘေး ပေ(၄၀၀)ခန့်ချောက်အတွင်း ကားတစ်စီး ထိုးကျတိမ်းမှောက်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ဟိုပုံးမြို့နယ်၊ ထမ်ဆမ်းဂူအနီး  မိုင်တိုင်အမှတ် (၁၄၆/၂) လမ်းကွေ့အတက်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး လမ်းဘေး ပေ (၄၀၀)ခန့်အနက် ချောက်ထဲကျ၍ တိမ်းမှောက်သွားကြောင်း သိရသည်။

တောင်ကြီးမြို့မှ ကာလိမြို့သို့ မောင်းနှင်လာသော MICRO Bus တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဘယ်ဘက် ပေ(၄၀၀)ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့၍ မီးသတ်တပ်ဖွဲ့က ယာဉ်ပေါ်ပါသူများကို ရှာဖွေကယ်ဆယ်ပြီး ဟိုပုံးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ပေးထားကြောင်း သိရသည်။

ယာဉ်ပေါ်ပါသည့် အမျိုးသား (၃) ဦး ထိခိုက်ဒဏ်ရာရသွားကြပြီး သေဆုံးသူမရှိကြောင်း သိရသည်။

#TachileikNewsAgency