ဆန်တောင်းရာမှ စကားများပြီး ဓါးဖြင့် ခုတ်သတ်သည့် လူသတ်မှု မိုင်းဆတ်မြို့တွင် ဖြစ်ပွား

ဆန်တောင်းရာမှ စကားများပြီး ဓါးဖြင့် ခုတ်သတ်သည့် လူသတ်မှု မိုင်းဆတ်မြို့တွင် ဖြစ်ပွား
သြဂုတ် 22, 2020
By Tachileik News Agency

ဆန်တောင်းရာမှ စကားများပြီး ဓါးဖြင့် ခုတ်သတ်သည့် လူသတ်မှု မိုင်းဆတ်မြို့တွင် ဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၊ ကျတီကျေးရွာအုပ်စု၊ (၁၈)မိုင်ကျေးရွာတွင် ဆန်တောင်းသည့် ကိစ္စမှ တဆင့် စကားများရန်ဖြစ်ရာက လူသတ်ပြီး ထွက်ပြေးသွားသည့် လူသတ်တရားခံအား (၂၄)နာရီအတွင်း ဖမ်းဆီးရမိ၍ မိုင်းဆတ်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုင်းဆတ်မြို့နယ်၊ (၁၈)မိုင်ကျေးရွာရှိ  အသက်(၂၂)နှစ်ရှိ အိမ်ရှင်ကျတိ နှင့်အတူနေသည့် အသက်(၅၀)နှစ်ရှိ ဦးကျဖူသည်  ၂၀၂၀ခုနှစ် ဩဂုတ်လ (၂၀)ရက် ညနေပိုင်းက အိမ်ရှေ့ခန်းမီးဖိုတွင် မီးလှုံနေစဉ် အိမ်ရှင် ကျတိ၏ အစ်ကိုဖြစ်သူ ကျဖူလွဲ ရောက်ရှိလာပြီး ဆန်တောင်းသည့် ကိစ္စအား မကျေနပ်၍ စကားများရာမှ ဦးကျဖူ၏ လည်ဂုတ်အား နောက်ကျောမှ ထင်းခုတ်ဓားဖြင့် ခုတ်၍ထွက်ပြေးသွားခဲ့သည်။ 
ဓါးဖြင့် ခုတ်ခံရသည့် ဦးကျဖူသည် လည်ဂုတ်ပြတ်ရှဒဏ်ရာဖြင့် နေရာတွင် သေဆုံးသွားသဖြင့် တရားခံ ကျဖူလွဲ(ဘ) ဦးကျရှီးဘိုအား မိုင်းဆတ်မြို့မရဲစခန်းတွင် (ပ)၈၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ၊ ၃၀၂ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။
အမှုမှ လူသတ်တရားခံ ကျဖူလွဲအား ဖမ်းဆီးရမိရေးအတွက် အမှုစစ် ဒုရဲမှူးတင်မောင်ဌေးနှင့်အဖွဲ့က လိုက်လံရှာဖွေဆောင်ရွက်စဉ် ဩဂုတ် (၂၁)ရက် မွန်းလွဲ (၂)နာရီခွဲဝန်းကျင်တွင် မိုင်းဆတ်မြို့နယ် (၁၈)မိုင်ကျေးရွာ အနောက်ဘက် တောထဲတွင် တရားခံကျဖူအား သက်သေခံထင်းခုတ်ဓား၊ အရိုးအသွား တစ်ပေခွဲနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
 
Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~