မိုင်းယောင်းမြို့အဝင်ရှိ မုန်းလိုက်တံတားကို Covid-19 ည (၉) နာရီမှ နောက်တစ်နေ့ နံနက် (၈) နာရီအတွင်း ဖြတ်သန်းခွင့်မပြု

မိုင်းယောင်းမြို့အဝင်ရှိ မုန်းလိုက်တံတားကို Covid-19 ည (၉) နာရီမှ နောက်တစ်နေ့ နံနက် (၈) နာရီအတွင်း ဖြတ်သန်းခွင့်မပြု
နိုဝင်ဘာ 30, 2020
By Tachileik News Agency

မိုင်းယောင်းမြို့အဝင်ရှိ မုန်းလိုက်တံတားကို  ည (၉) နာရီမှ နောက်တစ်နေ့ နံနက် (၈) နာရီအတွင်း ဖြတ်သန်းခွင့်မပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မုန်းလိုက်တံတားစစ်ဆေးဂိတ်အား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှစ၍ နေ့စဉ် ည (၉) နာရီမှ နောက်တစ်နေ့ နံနက် (၈) နာရီအထိ ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်း သိရသည်။
“မိုင်းယောင်းမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်အရ ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအနေဖြင့် မုန်းလိုက်တံတား ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ည (၉)နာရီအချိန်မှ နံနက် (၈)နာရီအချိန်အထိ ဖြတ်သန်းသွားလာခွင့်မပြုတော့ပါဘူး” ဟု မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ပြောသည်။
မုန်းလိုက်တံတားရှိ ကျန်းမာရေးစစ်ဆေးဂိတ်၌ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လ.ဝ.က၊ မီးသတ်နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်တို့ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် မြို့တွင်းဝင်လာသူများအား ခရီးသွားရာဇဝင် ကောက်ခံခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့တွင်းသို့ ဝင်/ထွက် သွားလာနေသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုလည်း COVID-19 ရောဂါပိုးရှိ/မရှိ RTD Test Kit ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း - အားချာ
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~