ဖရူဆိုမြို့တွင် ယနေ့ ညပိုင်း သေနတ်ပစ်ခတ်သံများ ကြားနေရ 

ဖရူဆိုမြို့တွင် ယနေ့ ညပိုင်း သေနတ်ပစ်ခတ်သံများ ကြားနေရ 
ဇွန် 28, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့တွင် ယနေ့ ၂၀၂၁ ခုနှစ် ဇွန်လ(၂၈)ရက်နေ့ ညပိုင်းက သေနတ်ပစ်ခတ်သံ များကြားရကြောင်း ဒေသခံများထံမှ သိရသည်။ 

ပထမတော့ (၃)ချက် (၈)နာရီကျော်တော့ (၅)ချက် ( ၆ )ချက်လောက်ထပ် ပစ်တယ်။ အဲ့လို ည ညတွေ ပစ်တော့ သေနတ်သံကြားနေရတဲ့ အနီးနားရွာတွေက အကြောင်းအရင်း မသိတော့ တစ်ချို့စိတ်ပူနေရတယ်။ ပြီးခဲ့တဲ့ ညကလည်း ပစ်တယ်။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ဖရူဆိုမြို့အခြေစိုက် အမှတ် (၅၃၁)တပ်ရင်းဖက်မှ ဇွန်လ (၂၈)ရက်နေ့ ည (၈)နာရီ ဝန်းကျင်တွင် သေနတ် (၁၀)ချက်နီးပါး ပစ်ခတ်ခဲ့ပြီး ပစ်ခက်သည့် အကြောင်းအရင်းကို မသိရသလို ဇွန်လ(၂၇)ရက်နေ့ ညပိုင်းကလည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ သေနတ်ပစ်ခတ်သံများကြောင့် ဖရူဆိုမြို့အနီးရှိ ကျေးရွာဒေသခံများမှ စိုးရိမ်လျှက်ရှိပြီး ဖရူဆိုမြို့အဝင်ရှိ အမှတ် (၅၃၁) တပ်ရင်းဂိတ်ရှေ့တွင်လည်း လမ်းသွား လမ်းလာများအား နေ့စဥ် စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

#TachileikNewsAgency