လွိုင်ကော်မြို့တွင်းအနှံ့ စစ်ကောင်စီ၏ တပ်ဖွဲ့များက လက်နက်အပြည့်စုံဖြင့် လျှောက်သွားနေ

လွိုင်ကော်မြို့တွင်းအနှံ့ စစ်ကောင်စီ၏ တပ်ဖွဲ့များက လက်နက်အပြည့်စုံဖြင့် လျှောက်သွားနေ
မေ 22, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း ယနေ့ မေလ (၂၂)ရက်နေ့ နေ့လည်ပိုင်းတွင်  အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်လက်နက်ကိုင်များမှ လက်နက်အပြည့်အစုံဖြင့် လမ်းလျှောက် လှည့်လည်နေကြောင်းသိရသည်။

ကားနဲ့မဟုတ်ဘဲ လမ်းလျှောက်သွားနေကြတယ်။ အင်းအားများတယ်။  လက်နက်အပြည့်အစုံနဲ့ ။ နာရီစင် ကနေ အောက်ဖက်ကို တောက်လျှောက်သွားနေတယ်။

မျက်မြင်တွေ့ရှိသူ ဒေသတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များမှ လွိုင်ကော်မြို့ ဒေသကွပ်ကဲ​ရေးစစ်ဌာနချုပ် (ဒ.က.စ) ဖက်မှ  နာရီစင် လမ်းမကြီးတစ်လျှောက် ရှမ်းပိုင်းဖက်သို့ လက်နက်အပြည့်အစုံဖြင့် ခြေလျင်လျှောက်ကာ အဖွဲ့များ ခွဲ၍ သွားလာနေပြီး မြို့နေလူထု အချို့မှလည်း စိုးရိမ်လျှက်ရှိသည်။ 

လွိုင်ကော်မြို့တွင် မေလ (၂၁)ရက်နေ့  ညပိုင်းကလည်း ရပ်ကွက်များတွင်း ဗုံးပေါက်ကွဲသံများ ထွက်ပေါ်ခဲ့သလို ယနေ့ မေလ (၂၂)ရက်နေ့ နံနက်ပိုင်းကလည်း ဗုံးပေါက်ကွဲမှု အသံအချို့ ထပ်မံကြားရကြောင်းသိရသည်။

Photo: CJ